#World_Health
Published 15 May 2026

■ ဟန်တာဗိုင်းရပ်စ် ကူးစက်မှုတွေကို အပျော်စီးဇိမ်ခံသင်္ဘောတစ်စင်းပေါ်မှာ တွေ့ရှိပြီးနောက် ကမ္ဘာတဝှမ်း စိုးရိမ်ပူပန်မှု မြင့်တက်လာပါတယ်။

■ ဒီဗိုင်းရပ်စ်က အချို့လူတွေမှာ အသက်အန္တရာယ် ဖြစ်စေသည်အထိ ပြင်းထန်နိုင်ပြီး ကိုဗစ်-၁၉ လိုမျိုး ရောဂါတွေနဲ့ ကူးစက်ပျံ့ပွားပုံ အလွန်ကွဲပြားပါတယ်။

■ ဟန်တာဗိုင်းရပ်စ်က ရောဂါကူးစက်နေတဲ့ ကြွက်မျိုးရိုးသတ္တဝါတွေရဲ့ ဆီး၊ တံတွေး၊ အရည်စက်တွေထဲက ဗိုင်းရပ်စ်အမှုန်တွေကို လူတွေရှူမိတဲ့ခါ အဓိကဝင်ရောက်လာပြီး သွေးကြောနံရံတွေကို တိုက်ခိုက်ကာ ကိုယ်တွင်းအင်္ဂါတွေထဲ ယိုစိမ့်လာနိုင်ပါတယ်။

■ အဓိကအားဖြင့် အဆုတ်တွေ၊ ကျောက်ကပ်တွေထဲမှာ ပြဿနာကြီးကြီးမားမား ဖြစ်လာနိုင်ပါတယ်။

■ ဖျားနာခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ကြွက်သားကိုက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်းစတဲ့ အစောပိုင်းလက္ခဏာများ ဖြစ်တတ်ပြီး ချက်ချင်းဆိုသလို အသက်ရှူလမ်းကြောင်းနဲ့ ကျောက်ကပ်ရောဂါတွေအထိ ဆိုးရွားလာနိုင်ပါတယ်။

■ လက်ရှိမှာ ဟန်တာဗိုင်းရပ်စ်အတွက် ပဋိဇီဝကုသနည်းလမ်း မရှိသေးဘဲ အောက်ဆီဂျင်ကုထုံး၊ အသက်ရှူကိရိယာပေးခြင်း၊ ကျောက်ကပ်ဆေးခြင်း စတဲ့ စောင့်ရှောက်မှုတွေသာ ရှိပါတယ်။

■ ဟန်တာဗိုင်းရပ်စ် အန်ဒီးစ်မျိုးကွဲဟာ လူသားချင်းအနီးကပ်ထိတွေ့မှုကနေ ကူးစက်နိုင်တဲ့ တစ်ခုတည်းသော ဗိုင်းရပ်စ်မျိုးကွဲအဖြစ် သိရှိထားပါတယ်။

■ ကြိုတင်ကာကွယ်မှုအနေဖြင့် ကြွက်မျိုးရိုးသတ္တဝါတွေ ရှိနေတဲ့ပတ်ဝန်းကျင်မှာ ထိတွေ့မှုအနည်းဆုံး သတိထားဖို့နဲ့ ဘေးကင်းစိတ်ချရတဲ့ သန့်ရှင်းရေးနည်းလမ်းတွေ ကျင့်ကြံဖို့ ပါဝင်ပါတယ်။

■ ဟန်တာဗိုင်းရပ်စ်ဟာ ကိုဗစ်-၁၉ လို ကူးစက်တာမဟုတ်ဘဲ လူအများမှာ ကူးစက်နိုင်ခြေကတော့ နည်းနေဆဲဖြစ်ပါတယ်။

Source: India Today.