#World_Health
Published 15 May 2026
■ မန်ချက်စတာမြို့မှ အသက် ၂၂ နှစ်အရွယ် အမျိုးသမီးဟာ vape စီးကရက် သောက်သုံးပြီး အဆုတ်ကင်ဆာ ဖြစ်ပွားနေကာ အသက်ရှင်နေထိုင်ရန် ၁၈ လသာ ကျန်တော့တယ်လို့ သိရှိရပြီးနောက်မှာ vape သောက်ခြင်းအန္တရာယ်တွေကို သတိပေးလိုက်ပါတယ်။
■ ကေလီဘိုဒါဟာ ၁၅ နှစ်အရွယ်ကစပြီး vape သောက်ခဲ့ကာ တစ်ပတ်ကို အကြိမ် ၆၀၀ ပါ တစ်ဗူးနှုန်း အသုံးပြုခဲ့ပြီး ချောင်းဆိုးတဲ့အခါ အညိုရောင်သမ်းသမ်း အဖတ်တွေနဲ့ သလိပ်တွေ ထွက်လာတယ်လို့ ဆိုပါတယ်။
■ ဆရာဝန်တွေဆီမှာ အကြိမ်ကြိမ်သွားပြခဲ့ပေမယ့် အစပိုင်းမှာ အဆုတ်အအေးမိခြင်းသာ ဖြစ်တယ်လို့ သိရှိခဲ့ကာ နောက်ပိုင်းမှာတော့ ချောင်းဆိုးရင် သွေးပါလာတဲ့အတွက် နောက်ထပ်စစ်ဆေးမှု ထပ်မံပြုလုပ်ခဲ့ရကြောင်း ပြောပါတယ်။
■ အသားစစစ်ဆေးမှု အကြိမ်ကြိမ်ပြုလုပ်ပြီးနောက် ၂၀၂၅ မှာ အဆုတ်ကင်ဆာ တွေ့ရှိခဲ့ပြီး ဓာတုကုထုံးဖြင့် ညာဘက်အဆုတ်အစိတ်အပိုင်းကို ဖယ်ရှားခွဲစိတ်ခဲ့ပါတယ်။
■ ၂၀၂၆ အစောပိုင်းမှာ ကင်ဆာပျောက်ကင်းပြီလို့ ကြေညာခဲ့ပေမယ့် လပိုင်းအကြာမှာ ကင်ဆာပြန်ဖြစ်လာပြီး အဆုတ်နံရံတွေပါ ပျံ့နှံ့လာပါတယ်။
■ ဆရာဝန်တွေက ကင်ဆာတွေကို ကုသလို့မရဘဲ ၁၈ လခန့်သာ အသက်ရှင်နိုင်တော့မယ်လို့ ပြောထားပါတယ်။
■ ဘိုဒါကတော့ သက်တမ်းဆွဲဆန့်ချင်တဲ့ မျှော်လင့်ချက်ဖြင့် နိုင်ငံခြားမှာ စမ်းသပ်ခံယူဖို့ အလှူငွေကောက်ခံနေပါတယ်။
■ အဆုတ်ကင်ဆာ ဖြစ်ရတာဟာ vape သောက်တာကြောင့်လို့ ယူဆပြီး အခြားသူတွေကို အသုံးမပြုကြဖို့ တိုက်တွန်းနေပါတယ်။
■ ဆေးလိပ်သောက်ခြင်းရော vape သောက်ခြင်းကပါ အဆုတ်ကျန်းမာရေးကို အန္တရာယ်ဖြစ်နိုင်ခြေ မြင့်မားတယ်လို့ ကျန်းမာရေးကျွမ်းကျင်သူတွေ သတိပေးနေပါတယ်။
Source: UZ.Kursiv.