#World_Health
Published 22 March 2026

■ အသံတိတ် နှလုံးဖောက်ခြင်းဆိုတာက ရောဂါလက္ခဏာတွေ မတွေ့ရဘဲ နှလုံးကြွက်သားကို ထိခိုက်စေပါတယ်။

■ အခုဆိုရင် အီလက်ထရွန်နစ်ပြားငယ်လေးတစ်ခုဖြင့် ECG ကနေ ယခင်နှလုံးဖောက်ခြင်းများကို တွေ့ရှိနိုင်ပြီး မိုဘိုင်းဖုန်းပေါ်က AI ကို ချိတ်ဆက်နိုင်ပြီ ဖြစ်ပါတယ်။

အဆိုပါ စစ်ဆေးနည်းဖြင့် လူနာတွေ နှလုံးဖောက်ခြင်း မဖြစ်အောင် လုံလောက်တဲ့ဆေးတွေ ပေးနိုင်မှာ ဖြစ်ပါတယ်။

■ ကယ်လီဖိုးနီးယား ပြည်သူ့ကျန်းမာရေးကျောင်းမှ အရေးပေါ်အထူးကု ဒေါက်တာ ဇီယက်အိုဘာမိုင်ယာနဲ့ အဖွဲ့က တမီလ်နာဒူမှာ စမ်းသပ်ချက်တစ်ခု ပြုလုပ်နေပြီး AI စနစ်ဖြင့် ဆရာဝန်တွေ ဆုံးဖြတ်ချက် ပိုမိုကောင်းမွန်စွာ ချမှတ်နိုင်အောင် ကူညီပေးဖို့ဖြစ်ပါတယ်။

■ အရေးပေါ် မဟုတ်တဲ့ လူနာတွေထံမှ အချက်အလက်များ ရယူကာ နာတာရှည်ရောဂါများ စစ်ဆေးခဲ့ကြပါတယ်။

■ ယခင်က တစ်ချိန်ချိန်မှာ နှလုံးဖောက်တဲ့ အခြေအနေ ဖြစ်ခဲ့နိုင်တာကို ECG ကနေ ခန့်မှန်းနိုင်ပါတယ်။

■ ဒီနောက် နောက်ထပ်နှလုံးဖောက်ခြင်း မဖြစ်အောင် မှန်ကန်သင့်လျော်တဲ့ ဆေးတွေ ညွှန်ကြားပေးနိုင်မှာ ဖြစ်ပါတယ်။

■ ဒါ့အပြင် လူနာတစ်ယောက် မကြာခင်မှာ နှလုံးဖောက်နိုင်မယ်ဆိုတာကို ခန့်မှန်းနိုင်မယ့် အယ်ဂိုရစ်သမ်တွေလည်း ဖန်တီးနေကြပါတယ်။

■ ဒီလိုမျိုး ကုန်ကျစရိတ်သက်သာတဲ့ ပစ္စည်းတွေကို ဆီးချို၊ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ စတာတွေအတွက်လည်း အလားတူထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။

■ ယခုသုတေသန ပြုလုပ်နေတာတွေဟာ လူအများအတွက် ဖြစ်တာကြောင့် ရလာတဲ့ အချက်အလက်တွေကို တရားဥပဒေများနဲ့အညီ အခြားသုတေသီတွေနဲ့ မျှဝေသွားနိုင်ပါတယ်။

Source: Indian Express.