#World_Health
Published 22 March 2026

■ ကော်လာဂျင်ဖြည့်စွက်ဆေးတွေ နေ့စဉ်သုံးစွဲခြင်းဖြင့် အရေပြား တင်းရင်းမှု၊ ရေဓာတ်ဖြည့်မှုတို့ကို မြှင့်တင်ပေးတယ်ဆိုပေမယ့် အရေးကြောင်းတွေကိုတော့ ဟန့်တားနိုင်မှာ မဟုတ်ဘူးလို့ သုံးသပ်ဖော်ပြထားပါတယ်။

■ အချိန်ကြာရှည် သုံးစွဲလာတဲ့အခါ အရေပြားအကျိုးကျေးဇူး ဖြည်းဖြည်းချင်းရလာမယ် ဆိုတာတော့ ပညာရှင်တွေ ယုံကြည်ထားပါတယ်။

■ ဒါ့အပြင် စမ်းသပ်မှုပေါင်း ၁၁၃ ခုကနေရတဲ့ ရလဒ်များအရ အဆစ်အမြစ်များ စုတ်ပြဲခြင်းနဲ့ တောင့်တင်းခြင်းတို့ကို သက်သာစေပါတယ်။

■ ကော်လာဂျင်ဆိုတာက ခန္ဓာကိုယ်ထဲမှာ သဘာဝအတိုင်း ထုတ်လုပ်တဲ့ ပရိုတိန်းတစ်မျိုးဖြစ်ပြီး အသက်အရွယ်ကြီးလာရင် ကျဆင်းလာပါတယ်။

■ ကော်လာဂျင်က အရေပြား၊ လက်သည်းခြေသည်း၊ အရိုး၊ တွယ်ဆက်တစ်ရှူးများကို ထောက်ပံ့ပေးပါတယ်။

■ ကော်လာဂျင်ဖြည့်စွက်ဆေးတွေက အသားအရေညီညာစေခြင်း၊ စိုစွတ်မှု၊ အရိုးအဆစ်တို့ကို အထောက်အကူ ပေးပေမယ့် အိုမင်းဆန့်ကျင်ပေးတဲ့ ပစ္စည်းတော့ မဟုတ်ပါဘူး။

■ ဗိုက်တာမင်-စီ၊ ဇင့်တို့ကြွယ်ဝတဲ့ အစားအစာများဖြင့် ခန္ဓာကိုယ်ထဲက ကော်လာဂျင်ထုတ်လုပ်မှုကို ထောက်ပံ့နိုင်ပါတယ်။

■ သက်သက်လွတ် ကော်လာဂျင်ဖြည့်စွက်ဆေးတွေ ရှိသလို အပင်အခြေပြုပရိုတိန်းတွေကလည်း ကော်လာဂျင်ဖွဲ့စည်းပေးမယ့် အမိုင်နိုအက်ဆစ်တွေ ပံ့ပိုးပေးနိုင်ပါတယ်။

■ ဒီတွေ့ရှိချက်တွေကို အတည်ပြုနိုင်ဖို့ နောက်ထပ် အရေပြားလေ့လာမှုများ ပိုမိုပြုလုပ်သွားဖို့ တောင်းဆိုနေကြပါတယ်။

Source: BBC