#World_Health
Published 03 February 2026
■ ဗိုက်တာမင်-ဘီ၁၂ နဲ့ ပတ်သက်လို့ ဖြည့်စွက်ဆေးတွေဟာ သက်သက်လွတ်လား မလွတ်လားဆိုတဲ့အကြောင်း လူတွေရှုပ်ထွေးနေကြပါတယ်။
■ သိပ္ပံနည်းပညာရှုထောင့်ကကြည့်ရင် ဗိုက်တာမင်-ဘီ၁၂က တိရိစ္ဆာန်တစ်ရှူးကနေ လာတာမဟုတ်ပါဘူးလို့ အာဟာရပညာရှင် ပါလက်နက်ပေါက ပြောပါတယ်။
■ ဖြည့်စွက်ဆေးတွေမှာ အသုံးပြုတဲ့ ဗိုက်တာမင်-ဘီ၁၂ က ဘက်တီးရီးယား အချဉ်ဖောက်ခြင်းကနေ ရရှိတာဖြစ်ပြီး ဘက်တီးရီးယားမျိုးနွယ်တွေက ဗိုက်တာမင်ကို ထုတ်လုပ်ပေးကာ လူတွေသုံးစွဲဖို့ သန့်စင်ရပါတယ်။
■ ဒါကြောင့် အသားတွေ၊ အင်္ဂါတွေ၊ တစ်ရှူးတွေ မပါဝင်ဘဲ ဘီ၁၂ မော်လီကျူးတွေဟာ သက်သက်လွတ်သဘော ဖြစ်နေပါတယ်။
■ သဘာဝအားဖြင့်တော့ ဗိုက်တာမင်-ဘီ၁၂ကို နို့ထွက်ပစ္စည်းများ၊ ငါး၊ အသားတို့မှာ တွေ့ရပြီး တိရိစ္ဆာန်တွေက ဘီ၁၂ ထုတ်လုပ်တဲ့ ဘက်တီးရီးယားကို စားသုံးခြင်း ဒါမှမဟုတ် အူလမ်းကြောင်းထဲမှာ ထုတ်လုပ်ခြင်းတို့ကြောင့် ဖြစ်ပါတယ်။
■ အပင်အရွက်တွေမှာတော့ ဘီ၁၂ သဘာဝအတိုင်း မပါဝင်ဘဲ သက်သက်လွတ်သမားတွေမှာ ဘီ၁၂ ချို့တဲ့တတ်တာ ဖြစ်ပါတယ်။
■ ဒါကြောင့်ပဲ ဘီ၁၂ ဖြည့်စွက်ဆေးတွေဟာ သက်သက်လွတ်မဟုတ်ဘူးလို့ ယူဆစရာ ဖြစ်လာပါတယ်။
■ သုံးစွဲသူတွေအနေနဲ့ ဆေးဝယ်တဲ့အခါ သက်သက်လွတ်ဆေးတောင့်လို့ ရေးထားတဲ့ အမှတ်အသားတွေကို ဖတ်ရှုသင့်ပါတယ်။
■ အိန္ဒိယမှာ ဘီ၁၂ ချို့တဲ့မှု အဖြစ်များကြပြီး သွေးအားနည်းခြင်း၊ အာရုံကြောထိခိုက်ခြင်း၊ အာရုံစူးစိုက်မှု အားနည်းခြင်းတို့လို ကျန်းမာရေးပြဿနာတွေ ဖြစ်လာကြပါတယ်။
Source: India Today.