#World_Health
Published 03 February 2026

■ ညအိပ်တဲ့အခါ အသက်ရှူထုတ်ခြင်း၊ ချွေးထွက်ခြင်း၊ ဇီဝဖြစ်စဉ်တို့ကြောင့် ရေဓာတ်တွေ ဆုံးရှုံးပြီး အီလက်ထရိုလိုက်တွေ လျော့နည်းသွားပါတယ်။

■ ထိုအခါမှာ ရိုးရိုးရေသောက်တတ်ကြပြီး အချို့ဆိုရင် ဆားအနည်းငယ်ပါ ထည့်သောက်ကြပါတယ်။

■ ဆားထည့်သောက်ခြင်းဖြင့် ခန္ဓာကိုယ်ရေဓာတ် ပြန်ဖြည့်နိုင်တဲ့ ဆိုဒီယံနဲ့ သတ္တုဓာတ်တွေ ရရှိစေတယ်လို့ မွမ်ဘိုင်းစင်ထရယ်မှ ဝေါ့ခ်ဟာ့ဒ်ဆေးရုံမှ ဒေါက်တာ ဟန်နီဆက်ဗ်လာက ပြောပါတယ်။

■ ဆိုဒီယံနဲ့ ပိုတက်ဆီယံတို့က အာရုံကြောအချက်ပို့စနစ်တွေ၊ ကြွက်သားလှုပ်ရှားမှုတွေ၊ သွေးလှည့်ပတ်မှုတွေအတွက် မရှိမဖြစ် အရေးကြီးကာ ဒါတွေချို့တဲ့ပါက ပင်ပန်းနွမ်းနယ်ခြင်း၊ ထိုင်းမှိုင်းခြင်းတို့ ခံစားရတတ်ပါတယ်။

■ ဆားအနည်းငယ်ဖြင့် အစာခြေအင်ဇိုင်းများ၊ အစာအိမ်အက်ဆစ်တို့ ထုတ်လုပ်မှုကို လှုံ့ဆော်ပေးကာ အူလမ်းကြောင်း ပြင်ဆင်စေပါတယ်။

■ အစာခြေစနစ် ချောမွေ့ပါက မနက်စာစားပြီးနောက် လေဖောတာမျိုး လျော့နည်းစေပြီး အူလမ်းကြောင်း လှုပ်ရှားစေပါတယ်။

■ အရည်တွေကို ခန္ဓာကိုယ်အနှံ့ ပျံ့စေပြီး မျက်နှာဖောင်းအစ်တာတွေ၊ ခြေလက်တို့မှာ ဖောရောင်တာတွေ လျော့နည်းစေပါတယ်။

■ အဓိကက သင့်တင့်ရုံ စားဖို့ဖြစ်ပြီး သွေးတိုး၊ ကျောက်ကပ်ပြဿနာ ရှိသူတွေကတော့ သတိပြုသင့်ပါတယ်။

■ ပမာဏနည်းနည်းကို ဖြည်းညင်းစွာ သောက်သင့်ပြီး ခန္ဓာကိုယ်ဘယ်လိုတုံ့ပြန်လဲဆိုတာကို စောင့်ကြည့်ရပါမယ်။

■ သေချာဂရုစိုက်ကျင့်သုံးရင် ရေဓာတ်ထိန်းသိမ်းခြင်း၊ အစာခြေခြင်း၊ စွမ်းအင်တို့ကို ထောက်ကူပေးနိုင်ပါတယ်။

Source: Indian Express