#World_News
Published 03 February 2026

■ အိန္ဒိယကုန်ပစ္စည်းတွေအပေါ် အမေရိကန်အခွန်စည်းကြပ်မှုတွေကို ၅၀ ရာခိုင်နှုန်းကနေ ၁၈ ရာခိုင်နှုန်းအထိ လျှော့ချလိုက်တဲ့ ကုန်သွယ်ရေးသဘောတူညီမှုတစ်ခုကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တနင်္လာနေ့က ကြေညာလိုက်ပြီး အပေးအယူအနေနဲ့ အိန္ဒိယက ရုရှားရေနံဝယ်ယူမှုများ ရပ်ဆိုင်းလိုက်ကာ ကုန်သွယ်ရေး အတားအဆီးများ လျှော့ချလိုက်ပါတယ်။

■ ထရမ့်က အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီနဲ့ ပြောဆိုပြီးနောက်မှာ အိန္ဒိယဟာ အမေရိကန်နဲ့ ဗင်နီဇွဲလားတို့မှ ရေနံတွေ ဝယ်ယူသွားဖို့ ရှိနေပါတယ်။

■ အမေရိကန်က ဈေးကျပြီးမှ ပြန်တက်လာတဲ့ အိန္ဒိယကုမ္ပဏီကြီးတွေ ရှယ်ယာစာရင်း ဖော်ပြခဲ့ရာမှာ Infosys က ၄.၃ ၊ Wipro က ၆.၈ ၊ HDFC ဘဏ်က ၄.၄ ၊ iShares MSCI India က ၃ ရာခိုင်နှုန်းအသီးသီး မြင့်တက်လာခဲ့ပါတယ်။

■ ဒါ့အပြင် ထရမ့်က တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်သူတွေနဲ့ AI ကဏ္ဍတွေအပေါ်လည်း အပြုသဘောဆောင် ကြေညာချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။

■ မိုဒီကလည်း ဒေါ်လာ ၅၀၀ ဘီလီယံကျော်တန်ဖိုးရှိတဲ့ အမေရိကန်မှ ပစ္စည်းတွေကို ပမာဏများများဝယ်ယူသွားမယ်လို့ ကတိပြုခဲ့ပါတယ်။

■ အမေရိကန်စီးပွားရေးအဖွဲ့အချို့ကတော့ ဒါတွေကို သတိပြုလာကာ ယမန်နှစ်တွေနဲ့ယှဉ်ရင် အခွန်နှုန်းထား မြင့်မားနေဆဲဖြစ်နေပါတယ်။

■ မိုဒီက ဒီအတွက် ကျေးဇူးတင်ရှိကြောင်း ဖော်ပြလာကာ အိန္ဒိယစက်ရုံတွေနဲ့ အလုပ်သမားတွေအတွက် အကျိုးကျေးဇူးရှိလာမယ်လို့ ပြောပါတယ်။

■ လပေါင်းများစွာ ညှိနှိုင်းအပြီး သဘောတူညီချက် ရရှိခဲ့တာဖြစ်ပြီး အမေရိကန်က အခြားနိုင်ငံတွေနဲ့ ကုန်သွယ်ရေးသဘောတူညီမှုများ ကျယ်ကျယ်ပြန့်ပြန့် လုပ်လာခြင်းရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။

■ အိန္ဒိယအနေနဲ့ ရုရှားရေနံဝယ်ယူမှုတွေကို ဖြည်းဖြည်းချင်းလျှော့ချသွားဖို့က သဘောတူညီမှုတွေထဲက အဓိကကျတဲ့ အကြောင်းအရာ ဖြစ်ပါတယ်။

Source: Reuters.