#World_Health
Published 23 March 2026
■ အမျိုးသမီး လစဉ်ဓမ္မတာလာချိန် ပထမဆုံးနေ့မှာ အလွန်ဝေဒနာခံစားကြရပြီး ဗိုက်အောင့်ခြင်း၊ လေးလံခြင်း၊ ခါးကိုက်ခြင်း၊ မူးဝေခြင်းနဲ့ လှုပ်ရှားမှုယိုင်ခြင်းတို့ပါ ဖြစ်နိုင်ပါတယ်။
■ ဒါပေမဲ့ ၃ ရက်မြောက် ၄ ရက်မြောက်လောက်ဆိုရင် နာကျင်ကိုက်ခဲမှုတွေ လျော့ပါးလာပါပြီ။
■ ဒါတွေဟာ ဟော်မုန်းပြောင်းလဲမှုတွေနဲ့ ပရော့စတာဂလန်ဒင်လို့ ခေါ်တဲ့ သဘာဝဓာတုတွေကြောင့်ဖြစ်တယ်လို့ ဒေလီမှ မီးယပ်သားဖွားဆရာဝန် ဒေါက်တာ ကီယာတီခေတန်နဲ့ ဒေါက်တာ ဆက်ရှီဂိုအယ်တို့က ပြောပါတယ်။
■ ဓမ္မတာ မလာခင်လေးမှာပဲ အီစထရိုဂျင်နဲ့ ပရိုဂျက်စထရုန်း ဟော်မုန်းတို့ သိသိသာသာ ကျဆင်းသွားကာ သားအိမ်နံရံများ ကြွေကျပြီး ကြွက်သားအပြင်းအထန်ကျုံ့တဲ့အတွက် ဝမ်းဗိုက်အောင့်ရတာ ဖြစ်ပါတယ်။
■ ပရော့စတာဂလန်ဒင်ဟော်မုန်းတွေက သားအိမ်ကျုံ့စေကာ ပထမဆုံးနေ့မှာ အမြင့်ဆုံးပမာဏ ရှိနေတဲ့အတွက် သားအိမ်ပိုကျုံ့ပြီး ပိုမိုကိုက်ခဲနာကျင်စေတာ ဖြစ်ပါတယ်။
■ ၂၄ နာရီကနေ ၄၈ နာရီအတွင်းမှာတော့ ပရော့စတာဂလန်ဒင်ထုတ်လုပ်မှု ကျဆင်းလာပြီး ၃-၄ ရက်လောက်ဆိုရင် ကြွက်သားကျုံ့ခြင်း သိပ်မပြင်းထန်တော့ပါဘူး။
■ ဒါ့အပြင် သားအိမ်ကျုံ့တဲ့အခါ အနီးနားက သွေးကြောတွေ ခဏတာဖိမိပြီး သွေးနဲ့ အောက်ဆီဂျင်ရောက်ရှိမှု လျော့နည်းသွားကာ စူးရှပြင်းထန်တဲ့ ခံစားမှုမျိုး ရစေနိုင်ပါတယ်။
■ ဓမ္မတာသွေးစီးဆင်းမှုက ပထမရက်နဲ့ ဒုတိယရက်တို့မှာ အများဆုံးဖြစ်ပြီး ထိုသွေးတွေတစ်ရှူးတွေကို တွန်းထုတ်ဖို့ သားအိမ်က အားပိုသုံးရပါတယ်။
■ ဓမ္မတာဝေဒနာတွေ ဆိုးရွားစွာ ခံစားရရင်တော့ ရောဂါပြဿနာတွေ ဖြစ်နိုင်ပြီး ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
■ နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲခြင်း၊ ရေနွေးအိတ်ကပ်ခြင်း၊ အကိုက်အခဲပျောက်ဆေး သောက်ခြင်း၊ ပေါ့ပေါ့ပါးပါး လှုပ်ရှားခြင်းတို့ဖြင့် ပထမဆုံးနေ့ ကိုက်ခဲခြင်းကို သက်သာစေနိုင်မှာ ဖြစ်ပါတယ်။
Source: India Today