#World_Health
Published 23 March 2026

■ နေရောင်ခြည်၊ အစားအစာနဲ့ ဖြည့်စွက်ဆေးတို့မှ ရရှိတဲ့ ဗိုက်တာမင်-ဒီဟာ အရိုးတွေကို ကြံ့ခိုင်ကျန်းမာစေတယ်လို့ သိထားတဲ့အပြင် သိပ္ပံပညာရှင်တွေက ဦးနှောက်အပေါ်မှာ ဗိုက်တာမင်-ဒီရဲ့ သက်ရောက်မှုကို စတင်ရှာဖွေခဲ့ကြပါတယ်။

■ ရုဂျာစ်တက္ကသိုလ်က အဝလွန်ပြီး အသက် ၅၀ မှ ၇၀ ကြားရှိတဲ့ အမျိုးသမီးတွေကို သုတေသန လုပ်ခဲ့ကြပါတယ်။

■ ဗိုက်တာမင်-ဒီ ပမာဏအမျိုးမျိုးက မှတ်ဉာဏ်၊ သင်ယူနိုင်စွမ်း၊ တုံ့ပြန်မှုနှုန်းတို့အပေါ် ဘယ်လိုသက်ရောက်လဲဆိုတာကို လေ့လာချင်ခဲ့ကြပါတယ်။

■ အဖွဲ့တစ်ဖွဲ့ကို လူကြီးတွေအတွက် သင့်လျော်တဲ့ ဗိုက်တာမင်-ဒီ ၆၀၀ IU ကို ၁ နှစ်ကြာအောင် နေ့စဉ်သုံးစွဲစေပါတယ်။

■ နောက်တစ်ဖွဲ့က ၂,၀၀၀ IU နဲ့ နောက်ဆုံးတစ်ဖွဲ့က ၄,၀၀၀ IU သုံးစွဲစေခဲ့ပါတယ်။

■ နောက်တစ်နှစ်အကြာမှာ ၂,၀၀၀ IU နေ့စဉ်သုံးစွဲတဲ့ အမျိုးသမီးတွေက မှတ်ဉာဏ်ကောင်းမွန်ပြီး အသစ်သင်ယူမှုစွမ်းရည် မြင့်မားလာတာ တွေ့ရပါတယ်။

■ ကျန်တဲ့နှစ်ဖွဲ့ကတော့ တုံ့ပြန်မှုပိုနှေးတာကြောင့် ထိခိုက်ဒဏ်ရာ ရနိုင်ခြေ ပိုများပါတယ်။

■ ဒါကြောင့် ဗိုက်တာမင်-ဒီကို နည်းပေးလမ်းပြမပါဘဲ ပမာဏများများ မသုံးစွဲဖို့ သတိပေးစရာ ဖြစ်လာပါတယ်။

■ ဦးနှောက်ကျန်းမာရေးအတွက် ဗိုက်တာမင်-ဒီ ဘယ်လောက်ပမာဏက အကောင်းဆုံးလဲဆိုတာကို သိချင်နေကြဆဲ ဖြစ်ပါတယ်။

■ အမျှင်ဓာတ်၊ ဗိုက်တာမင်များ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝတဲ့ အစားအစာတွေက ဦးနှောက်ကာကွယ်ပေးနိုင်ဖွယ်ရှိပြီး မှတ်ဉာဏ်ပြဿနာများ ဖြစ်နိုင်ခြေ လျော့နည်းစေနိုင်ပါတယ်။

■ အဆုံးမှာတော့ ကျန်းမာစွာ နေထိုင်တယ်ဆိုတာက အရာရာမျှခြေဖြစ်ဖို့လိုပြီး သင့်လျော်တဲ့ပမာဏအတိုင်း အသုံးပြုမှသာ ဗိုက်တာမင်-ဒီက အရိုးနဲ့ ဦးနှောက်ကျန်းမာရေးတို့ကို ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။

Source: Knowridge.