#World_Health
Published 2 Mar 2026

■ ပူပြင်းတဲ့အချိန်မှာ လူတွေက ရေငတ်ပြေအောင် ရေခဲမုန့်အေးအေးလေး စားတတ်ကြပါတယ်။

■ ဒါပေမဲ့ ရေခဲမုန့်စားပြီးရင် ရေဆာတတ်တာကို သတိမပြုမိကြပါဘူး။

■ ခန္ဓာကိုယ်ထဲမှာ ရေခဲမုန့်ဖြိုခွဲပြီဆိုတာနဲ့ ကွဲပြားစွာ တုံ့ပြန်လာပါတယ်။

■ သကြားပါဝင်မှုမြင့်တဲ့ အစားအစာတွေဟာ ခန္ဓာကိုယ်ရေဓာတ်လိုအပ်ချက်ကို ပိုပြီးခံစားရစေတယ်လို့ ဝေါ့ခ်ဟတ်ဒ်ဆေးရုံမှ ဒေါက်တာ ပရာနက်ဗ်ဂိုဒီက ပြောပါတယ်။

■ ရေခဲမုန့်အများစုဟာ သကြားများစွာပါဝင်ပြီး ရေကတော့ အနည်းငယ်သာ ပါဝင်ပါတယ်။

■ အချိုများတာကို စားမိတဲ့အခါ ခန္ဓာကိုယ်က ဆဲလ်တွေထဲက ရေတွေကို အလျင်အမြန်ဆွဲထုတ်ပြီး သွေးကြောထဲ ရောက်စေကာ ဂလူးကို့စ်ကို ရေရောပစ်ပါတယ်။

■ ဒါကြောင့် ချက်ချင်းကြီး ရေဆာသလိုမျိုး ခံစားရစေတာ ဖြစ်ပါတယ်။

■ အချိုဓာတ်များလေလေ ခန္ဓာကိုယ်ထဲက ရေလိုအပ်ချက် ပိုများလေ ဖြစ်ပါတယ်။

■ အဆီဓာတ်က အစာခြေခြင်းကို နှေးစေပြီး အာခြောက်တဲ့ခံစားမှုကို ပိုကြာစေပါတယ်။

■ ဆိုဒီယံအနည်းငယ် ပါဝင်တာကလည်း ရေဆာတဲ့ခံစားမှုကို ဖြစ်စေပါတယ်။

■ ဂလူးကို့စ်များလာတဲ့အခါ ကျောက်ကပ်က အပိုအလျှံတွေကို စစ်ထုတ်ဖို့လုပ်သဖြင့် ဆီးပိုသွားစေကာ ရေဓာတ်ခန်းခြောက်စေပါတယ်။

■ ဆီးချိုဝေဒနာရှင်တွေ အင်ဆူလင်ယဉ်ပါးသူတွေဆိုရင် ရေဆာခြင်းကို ပိုပြီး ခံစားရနိုင်ပါတယ်။

■ ဒီလိုမျိုး အချိုတွေစားပြီးနောက် အလွန်အမင်း ရေဆာခြင်းက သတိထားရမယ့် လက္ခဏာဖြစ်ပြီး ဆီးချိုရောဂါ စစ်ဆေးသင့်ပါတယ်။

■ ပုံမှန်အတိုင်း ရေဆာတာက ပုံမှန်ဆိုပေမယ့် အချိုတွေစားပြီးနောက် ခဏခဏရေဆာတတ်ရင်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါပြီ။

Source: Indian Express