#World_News
Published 03 March 2026

■ အီရန်ရဲ့ အစ္စလာမ်တော်လှန်ရေးအစောင့်တပ်(IRGC)က အရေးပါသော ဟော်မုဇ်ရေလက်ကြားကို ရေကြောင်းသွားလာရေးအားလုံး ပိတ်ဆို့လိုက်တယ်လို့ ကြေညာလိုက်ကာ ထိုနေရာကနေ ရေကြောင်းဖြတ်သန်းတဲ့ သင်္ဘောမှန်သမျှ တိုက်ခိုက်ခံရမယ်လို့ သတိပေးလိုက်ပါတယ်။

■ ရာထူးမြင့် IRGC တပ်မှူးတစ်ဦးက ဟော်မုဇ်ရေလက်ကြားကို ပိတ်လိုက်ကာ ဖြတ်သန်းမယ့်သင်္ဘောမှန်သမျှကို တိုက်ခိုက်မယ်လို့ ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းဌာနက မှတ်ချက်ပြုပါတယ်။

■ ဒီလုပ်ရပ်ကြောင့် စီးပွားရေးပို့ဆောင်မှုတွေ လုံးဝရပ်တန့်သွားမှာဖြစ်ပြီး ကမ္ဘာ့ရေနံတင်ပို့မှုရဲ့ ၅ ပုံ ၁ ပုံခန့် အခက်တွေ့လာနိုင်ပါတယ်။

■ ဟော်မုဇ်ရေလက်ကြား ပါရှန်းပင်လယ်ကွေ့ရှိ ကျဉ်းမြောင်းတဲ့ရေလမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။

■ ရေလက်ကြားရဲ့ မြောက်ဘက်မှာ အီရန်ထိစပ်နေပြီး ထိုမှဖြတ်သန်းတဲ့ သင်္ဘောတွေဟာ ဆော်ဒီ၊ ကူဝိတ်၊ အီရတ်၊ ကာတာ၊ ဘာရိန်း၊ ယူအေအီး၊ အီရန်တို့မှ ရေနံနဲ့ ဓာတ်ငွေ့များကို သယ်ဆောင်ကာ အများစုက အာရှသို့ ပို့ဆောင်ပါတယ်။

■ ဒီလမ်းကြောင်းတွေ အနှောင့်အယှက်တစ်ခုခုဖြစ်ပေါ်ပါက ရေနံရောင်းဝယ်မှု အလွန်ကို ထိခိုက်နိုင်ပါတယ်။

■ ဟော်မုဇ်ရေလက်ကြား ကြာရှည်ပိတ်ထားရပါက ရေနံနဲ့ဓာတ်ငွေ့ ဈေးနှုန်းသိသိသာသာ တက်လာနိုင်ပြီး ရေနံစိမ်းတစ်စည်ကို ဒေါ်လာတစ်ရာကျော်သွားနိုင်ပါတယ်။

■ ဂြိုဟ်တုလမ်းညွှန်စနစ်များ နှောင့်ယှက်ခံထားရပြီး ရေလက်ကြားအနီးနားရှိ သင်္ဘောတွေ တိုက်ခိုက်ခံရတဲ့သတင်းတွေ ကြားနေရပါတယ်။

■ အိုမန်ပင်လယ်ကွေ့မှာ ရေနံတင်သင်္ဘောတစ်စင်းကို ဒရုန်းတစ်စင်း ဗုံးကျဲခဲ့ရာ သင်္ဘောသားတစ်ဦး သေဆုံးခဲ့ပြီး ဒေသတွင်းပဋိပက္ခ မြင့်တက်နေပါတယ်။

Source: TRT World