#World_Health
Published 2 Mar 2026

■ အသက်အရွယ်၊ ဆေးလိပ်သောက်ခြင်း၊ ခံတွင်းဘက်တီးရီးယားနဲ့ မျိုးဗီဇဆင့်ကဲပြောင်းလဲခြင်းတို့ တစ်ခုချင်းစီက အစာအိမ်ကင်ဆာ ဖြစ်စေတယ်လို့ သိထားပြီး လေ့လာချက်တစ်ခုမှာတော့ ဒါတွေအကုန်လုံးဆုံသွားရင် ဘေးအန္တရာယ် ဆတိုးများစေနိုင်တယ်လို့ တွေ့ရှိထားပါတယ်။

■ နာတာရှည် အစာအိမ်ရောင်ရောဂါရှိပြီး အစာအိမ်နံရံတွေမှာ ပြောင်းလဲလာတဲ့ IM ရောဂါရှင်တွေရဲ့ ဖြစ်ပျက်ပုံတွေကို လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။

■ နမူနာပေါင်း ၁,၅၀၀ ကျော်ကို ဆန်းစစ်ပြီးနောက် IM ဆဲလ်တွေထဲမှာ ဗီဇပြောင်းလဲတဲ့ မျိုးဗီဇပစ္စည်း ၄၇ မျိုးကို တွေ့ရှိခဲ့ကြပါတယ်။

■ နိုင်ငံ ၆ နိုင်ငံမှ လူအမျိုးမျိုးကို နှိုင်းယှဉ်ခဲ့တာဖြစ်ပြီး အစာအိမ်ကင်ဆာ ဖြစ်နိုင်ခြေ မတူညီကြပါဘူး။

■ ARID1A ဗီဇပြောင်းလဲပစ္စည်း လျော့နည်းလာတဲ့အခါ အစာအိမ်အကာအကွယ်တွေ အားနည်းသွားပြီး IM ရောဂါဖြစ်နိုင်ခြေ ပိုဆိုးလာပါတယ်။

■ နောက်တစ်မျိုးဖြစ်တဲ့ SBS17 ကလည်း ဆေးလိပ်သောက်တဲ့အခါ ပိုမိုထိခိုက်စေတာ တွေ့ထားပါတယ်။

■ အစာအိမ်ကင်ဆာက အစောပိုင်းအဆင့်တွေမှာ လက္ခဏာမပြတာကြောင့် ကမ္ဘာပေါ်မှာ အန္တရာယ်အများဆုံးကင်ဆာတွေထဲက တစ်ခုဖြစ်နေပါတယ်။

■ ဒီကင်ဆာက ဆယ်စုနှစ်တွေကျော်ကြာအောင် ကြီးထွားလာပြီး အစာအိမ်ထဲမှာ နာတာရှည်ရောင်ရမ်းခြင်းကနေ အစပြုလာပါတယ်။

■ အူလမ်းကြောင်းထဲက သန်ကောင်တွေကို ကုသရာမှာ အသုံးပြုလေ့ရှိတဲ့ pyrvinium ဆေးဟာ IM ဆဲလ်တွေ ကင်ဆာအဖြစ် ကူးပြောင်းသွားခြင်းကို နှောင့်နှေးစေနိုင်တယ်လို့ တွေ့ရှိထားပါတယ်။

■ အစာအိမ်ကင်ဆာဆိုတာက ကင်ဆာကြောင့် သေဆုံးရတဲ့ ထိပ်ဆုံးအကြောင်းရင်း ၁၀ မျိုးထဲမှာ ပါဝင်ပြီး နောက်ကျမှ ရောဂါသိရတာက အဓိကအခက်အခဲ ဖြစ်စေပါတယ်။

Source: Strait Times.