#World_Health
Published 2 Mar 2026

■ လူတစ်ယောက် အသက်ဆုံးပါးသွားတဲ့အခါ ခန္ဓာကိုယ်က ချက်ချင်းကြီး ရပ်တန့်သွားတာ မဟုတ်ပါဘူး။

■ ကိုယ်တွင်းအင်္ဂါတွေက အောက်ဆီဂျင် ဘယ်လောက်လိုအပ်လဲ သွေးဘယ်လောက်လိုအပ်လဲ ဆိုတဲ့အပေါ် မူတည်ပြီး ရပ်တန့်သွားတဲ့အချိန် မတူကြပါဘူး။

■ ဒါတွေကို နားလည်မယ်ဆိုရင် သေဆုံးခြင်းဖြစ်စဉ်ကို သိနိုင်ရုံမက ဘာကြောင့် အချို့အင်္ဂါတွေ အစားထိုးခြင်းမျိုး ပြုလုပ်နိုင်သေးလဲဆိုတာကိုပါ သိရှိစေနိုင်ပါတယ်။

■ အောက်ဆီဂျင်အများကြီးလိုအပ်တဲ့ ဦးနှောက်က ပထမဆုံးရပ်ဆိုင်းသွားပြီး ဦးနှောက်ဆဲလ်တွေဟာ အောက်ဆီဂျင်မရပါက ၄-၇ မိနစ်အတွင်း သေဆုံးသွားတတ်ပါတယ်။

■ နှလုံးမခုန်တော့ဘူးဆိုရင် သွေးမလည်ပတ်တော့ဘဲ မကြာခင်မှာ အဆုတ်တွေ ရပ်တန့်သွားပါတယ်။

■ သဘာဝအတိုင်း သေဆုံးတယ်ဆိုရင် အသက်ရှူရပ်သွားချိန် သွေးတွေက အောက်ဆီဂျင် မသယ်နိုင်တော့ချိန်မှာ နှလုံးနဲ့ အဆုတ်တွေ အတူတူ ရပ်ဆိုင်းသွားပါတယ်။

■ အသက်ဆုံးပါးပြီး ၄-၆ နာရီခန့်အထိ နှလုံးနဲ့ အဆုတ်တွေကို အစားထိုးခွဲစိတ်ဖို့အတွက် အသုံးပြုနိုင်ဆဲ ဖြစ်ပါတယ်။

■ အသည်း၊ ပန်ကရိယ၊ အူတွေလိုမျိုး အင်္ဂါတွေက စွမ်းအင်နဲ့ အင်ဇိုင်းတို့ကို အသုံးပြုကာ သွေးမလည်ပတ်တော့ပြီးနောက် ၈-၁၈ နာရီအတွင်း လုပ်ဆောင်ချက် စတင်ရပ်ဆိုင်းနိုင်ပါတယ်။

■ ကျောက်ကပ်တွေက ပိုပြီးကြံ့ခိုင်တဲ့ ကိုယ်တွင်းအင်္ဂါတွေဖြစ်ကာ သေချာထိန်းသိမ်းထားရင် ၂၄-၃၆ နာရီအထိ အသုံးပြုနိုင်ပါတယ်။

■ အရေပြား၊ အရိုးတို့လို အရာတွေကတော့ ရက်ပိုင်းကစလို့ နှစ်တွေကြာတဲ့အထိ အကောင်းအတိုင်း ရှိနေနိုင်ပါတယ်။

■ ဒါကြောင့် ဘယ်အင်္ဂါတွေက ဘယ်လောက်ကြာရင် ရပ်တန့်သွားလဲဆိုတာ သိထားခြင်းဖြင့် လူ့အသက်သေဆုံးချိန်နဲ့ အင်္ဂါတွေ ဘယ်အချိန်ထိ သုံးနိုင်လဲဆိုတာကို ဆုံးဖြတ်နိုင်စေမှာ ဖြစ်ပါတယ်။

Source: India Today.