#World_Health
Published 1 March 2026

■ တစ်နေ့ကို ကော်ဖီ ၂ ခွက် ၃ ခွက် သောက်သုံးပါက ဒီမန်ရှာရောဂါဖြစ်နိုင်ခြေကို သိသိသာသာ လျှော့ချနိုင်ဖွယ်ရှိတယ်လို့ သိပ္ပံပညာရှင်တွေ တွေ့ရှိထားပါတယ်။

■ ဒါပေမဲ့ ဒီထက်ပိုသောက်လို့တော့ ဦးနှောက်ကို ပိုပြီးကာကွယ်ပေးနိုင်မှာတော့ မဟုတ်ပါဘူး။

■ အမေရိကန် သူနာပြုတွေနဲ့ ကျန်းမာရေးပညာရှင် ၁၃၁,၈၂၁ ဦးကို ၄၃ နှစ်ကြာအောင် လေ့လာခဲ့ရာမှာ ၈ ရာခိုင်နှုန်းလောက်က ဒီမန်ရှာဖြစ်ခဲ့ပါတယ်။

■ ကဖင်းပါတဲ့ ကော်ဖီ၊ လက်ဖက်ရည် သောက်သူတွေကတော့ ဒီမန်ရှာဖြစ်နိုင်ခြေ လျော့နည်းတာ တွေ့ရပါတယ်။

■ အသက် ၇၅ နှစ်နဲ့အထက် လူတွေမှာ ဒီလိုကာကွယ်နိုင်စွမ်းက အသိသာဆုံးဖြစ်ပြီး နေ့စဉ် ကော်ဖီ ၂ ခွက် ၃ ခွက်သောက်ခြင်းဖြင့် ၃၅ ရာခိုင်နှုန်း ဒီမန်ရှာဖြစ်နိုင်ခြေ လျော့နည်းတာ တွေ့ရပါတယ်။

■ ကဖင်းဓာတ်က အက်ဒီနိုဆင်းကို ပိတ်ပင်ကာ ရောင်ရမ်းမှုကို လျှော့ချပေးပြီး သွေးတွင်းသကြားဓာတ် ထိန်းသိမ်းပေးသဖြင့် ဦးနှောက်ကျန်းမာရေးကို ကာကွယ်ပေးပါတယ်။

■ ကဖင်းပါတဲ့ကော်ဖီတွေ ပိုမိုသောက်သုံးသူတွေဟာ မှတ်ဉာဏ်ကျဆင်းမှု ပိုမိုမြန်ဆန်တယ်လို့လည်း စိတ်ဝင်စားစရာ တွေ့ရှိထားပါသေးတယ်။

■ လက်ဖက်အကြမ်းရည် သင့်တော်ရုံ သောက်သုံးခြင်းဖြင့် ဒီမန်ရှာ ကာကွယ်ပေးနိုင်သလို လက်ဖက်စိမ်းကလည်း အလားတူအာနိသင်မျိုး ပေးစွမ်းနိုင်ဖွယ် ရှိပါတယ်။

■ ကဖင်းသောက်တာ များလွန်းရင်တော့ အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေပြီး စိုးရိမ်ပူပန်စိတ် ဖြစ်စေကာ ဦးနှောက်ကျန်းမာရေးကို ဆိုးရွားစွာ သက်ရောက်စေနိုင်ပါတယ်။

■ ကဖင်းသောက်ခြင်းက နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ကာ ဒီမန်ရှာလျှော့ချပေးခြင်းနဲ့ သက်ဆိုင်နေပေမယ့် သွေးပေါင်ချိန်များသူတွေကတော့ အကန့်အသတ်ဖြင့် သောက်သုံးသင့်ပါတယ်။

Source: CNA