#World_Health
Published 26 February 2026
■ အအေးမိဖျားနာဖြစ်တဲ့အချိန်မှာ ကြက်စွပ်ပြုတ်က အခြားသော စားစရာတွေထက် များစွာအထောက်အကူဖြစ်စေတယ်လို့ အာကက်ရှ်ကျန်းမာရေးစောင့်ရှောက်မှုမှ အာဟာရပညာရှင် အန်နျူဂျာဂေါ်က ပြောပါတယ်။
■ နေမကောင်းလို့ စားချင်စိတ်နည်းနေရင်တောင် ကြက်စွပ်ပြုတ်က အစာကြေလွယ်စေပါတယ်။
■ (၁) ဆီများတဲ့ အစားအစာတွေက နေမကောင်းတဲ့အချိန်မှာ မအီမသာဖြစ်စေပေမယ့် ကြက်စွပ်ပြုတ်ကတော့ အစာအိမ်အတွက် ညင်သာစေပြီး လည်ချောင်း၊ နှာခေါင်းတို့ကို သက်သာစေကာ စားချင်စိတ် အလွန်နည်းနေရင်တောင် နူးညံ့တဲ့အသွင်အပြင်ကြောင့် စားမိစေပါတယ်။
■ (၂) ကြက်စွပ်ပြုတ်တစ်ခွက်မှာ ပရိုတိန်း၊ ကာဗိုဟိုက်ဒရိတ်၊ အရည်တို့ ပေါင်းစပ်ပါဝင်ပြီး ကြက်သားကရတဲ့ ပရိုတိန်းက ကိုယ်ခံအားကောင်းစေကာ မုန်လာဥနီ၊ နံနံပင်တို့လို အရွက်တွေက ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၊ အာဟာရဓာတ်များ ရရှိစေသလို ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်း၊ ဟင်းခတ်အမွှေးအကြိုင်ပစ္စည်းတွေက လည်ချောင်းပိတ်ဆို့ခြင်းကို ရှင်းလင်းစေပါတယ်။
■ (၃) ရေဓာတ်ဖြည့်ပေးသလို သလိပ်တွေ၊ နှာခေါင်းတွင်းပိတ်ဆို့မှုတွေကို ပျော်စေပြီး အသက်ရှူရ လွယ်ကူစေပါတယ်။
■ (၄) စွပ်ပြုတ်တွေဆိုတာက လူကိုနွေးထွေးစေပြီး ရေဓာတ်ဖြည့်ပေးကာ အစာခြေရ လွယ်ကူစေတာကြောင့် စားသုံးရ အဆင်ပြေစေတဲ့အပြင် ကြက်သားခေါက်ဆွဲပြုတ်ဆိုရင်လည်း ခွန်အားပမာဏ ထိန်းသိမ်းပေးနိုင်မှာ ဖြစ်ပါတယ်။
Source: Indian Express