#World_News
Published 26 February 2026

■ ဒီမိုကရက်တစ် အမေရိကန်ကိုယ်စားလှယ်လောင်း မွတ်ဆလင်လူမျိုးနှစ်ဦးဖြစ်တဲ့ မင်နီဆိုတာမှ အီလန်အိုမာနဲ့ မီချီဂန်မှ ရာရှီဒါတီလက်တို့ကို စိတ်ခံစားချက်ပြဿနာရှင်များအဖြစ် ထားရှိသင့်ပြီး သူတို့လာခဲ့တဲ့နေရာထံ ပြန်ပို့သင့်တယ်လို့ သမ္မတဒေါ်နယ်ထရမ့်က ပြည်ထောင်စုမိန့်ခွန်းပြောစဉ် ယင်းတို့နှစ်ဦးနဲ့ အပြန်အလှန်ပြောဆိုခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့က ပြောသွားပါတယ်။

■ ထရမ့်က သူ့အစိုးရရဲ့ တင်းကြပ်တဲ့ လူဝင်မှုထိန်းချုပ်ရေးနဲ့ အာဏာပိုင်လုပ်ဆောင်မှုတွေကို မိန့်ခွန်းပြောစဉ် ချီးကျူးခဲ့ရာမှာ ယင်းတို့နှစ်ဦးက ဝေဖန်လိုက်တာ ဖြစ်ပါတယ်။

■ နှစ်ဦးစလုံးက ထရမ့်ဟာ အမေရိကန်တွေကို ဒုက္ခပေးနေတယ်လို့ အော်ဟစ်ပြောခဲ့ပြီး အိုမာက လူလိမ်လို့ ခေါ်ဆိုခဲ့ပါတယ်။

■ သူတို့နှစ်ဦးဟာ အစွန်းရောက်တွေဖြစ်ပြီး စိတ်ကျန်းမာရေး မမှန်ကန်ကြတာကြောင့် ကန့်သတ်ထားရှိသင့်တယ်လို့ ထရမ့်ကပြောပါတယ်။

■ ပြီးတော့ သူတို့လာရာနေရာဆီသို့ အတတ်နိုင်ဆုံး အမြန်ဆုံးပို့ဆောင်သင့်တယ်လို့လည်း ပြောသွားပါတယ်။

■ အောက်လွှတ်တော် လူနည်းစုခေါင်းဆောင် ဟာကင်မ်ဂျက်ဖရီစ်က သူတို့နှစ်ဦးအပေါ် ထရမ့်ပြောတာတွေက စိတ်ပျက်စရာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

■ အမေရိကန်-အစ္စလာမ်ဆက်ဆံရေး မွတ်ဆလင်ထောက်ခံရေးအဖွဲ့ကောင်စီကလည်း ထရမ့်ပြောဆိုချက်တွေဟာ လူမျိုးရေးခွဲခြားရာရောက်တယ်လို့ ဆိုပါတယ်။

■ မီဒီယာအဖွဲ့တွေက သမ္မတကို လူမျိုးရေးခွဲခြားသူလို့ စွပ်စွဲနေကြကြောင်း အိမ်ဖြူတော်စာနယ်ဇင်းဝန်ကြီး ကယ်ရိုလင်းလီဗစ်က ပြောခဲ့ပါတယ်။

■ အမေရိကန်အစိုးရမှ လူဝင်မှုစနစ်အပေါ် အင်အားသုံးဖြိုခွင်းခြင်းကို အခွင့်အရေးထောက်ခံအဖွဲ့တွေက ဒါဟာ လာရောက်နေထိုင်သူတွေကို ပစ်မှတ်ထားဖို့ အကြောင်းပြပြီး မမှန်ကန်တဲ့ဖြစ်ရပ်တွေ ဖန်တီးနေတာ ဖြစ်တယ်လို့ ဆိုနေကြပါတယ်။

Source: Reuters