#World_Health
Published 26 February 2026

■ လူတွေကြောင့် ပတ်ဝန်းကျင်ပျက်စီးမှုတွေ ဖြစ်နေရာမှာ နောက်ထပ် ကပ်ရောဂါကြီးတစ်ခု ရောက်လာနိုင်တာကြောင့် တစ်ကမ္ဘာလုံး ပြင်ဆင်သင့်တယ်လို့ The Lancet ဆေးပညာဂျာနယ်မှ အယ်ဒီတာချုပ် ဒေါက်တာရစ်ချတ်ဟော်တန်က သတိပေးထားပါတယ်။

■ လာမယ့်နှစ်များအတွင်း ကပ်ရောဂါဘေးဖြစ်နိုင်ခြေ ၄၈ ရာခိုင်နှုန်းရှိပြီး လူ ၂၅ သန်းကျော် အသက်ဆုံးရှုံးနိုင်ကာ လာမယ့်ဆယ်စုနှစ်အတွင်း ကိုဗစ်ရောဂါလိုမျိုး ရောဂါပျံ့ပွားနိုင်ခြေ ၂၃ ရာခိုင်နှုန်း ရှိတယ်လို့ Lancet က ဖော်ပြထားပါတယ်။

■ သစ်တောများဖျက်ဆီးခြင်း၊ မြို့ပြတိုးချဲ့ခြင်း၊ ရာသီဥတုပြောင်းလဲခြင်း၊ တိရိစ္ဆာန်နဲ့လူသား ထိတွေ့ခြင်းတို့ကြောင့် လာမယ့်နှစ် ၂၀ အတွင်း နောက်ထပ်ကပ်ရောဂါကြီး ဖြစ်လာနိုင်တယ်လို့ ဟော်တန်ကဆိုပါတယ်။

■ တိရိစ္ဆာန်တွေက လူသားတွေနဲ့ ပိုမိုနီးကပ်လာပြီး သတ္တဝါတွေကြား ဗိုင်းရပ်စ်တွေ ကူးစက်လာပါတယ်။

■ ဒီလိုမျိုး ကူးစက်လာတဲ့ ဗိုင်းရပ်စ်တွေက လျင်မြန်စွာ ဆင့်ကဲပြောင်းလဲလာကြသလို ရာသီဥတုဖောက်ပြန်ခြင်းလိုမျိုး ပြဿနာတွေကလည်း ခြိမ်းခြောက်လာပါတယ်။

■ သားဈေးငါးဈေးတွေ၊ သားသတ်ရုံတွေက သေချာသန့်ရှင်းထားခြင်းမရှိဘဲ အသားတွေကို ယင်ကောင်တွေ ပလူပျံအောင် နားနေတာတွေက ရောဂါပိုးတွေ ကူးစက်နိုင်ခြေများပါတယ်။

■ ကြာရှည်ရှင်သန်ပြီး ကူးစက်လွယ်တဲ့ ရောဂါပိုးကြောင့် သတ္တဝါမျိုးစိတ်ပါ ကွယ်ပျောက်နိုင်တဲ့အထိ အန္တရာယ်များနိုင်ပါတယ်။

■ ယခင်က ကပ်ရောဂါဘေးတွေကို ကောင်းစွာ မထိန်းသိမ်းနိုင်ခဲ့တာကို သင်ခန်းစာယူသင့်ပြီး တစ်ကမ္ဘာလုံးအနေနဲ့ ကပ်ရောဂါပြင်ဆင်ထားကြဖို့ ဟော်တန်က ပြောသွားပါတယ်။

Source: India Today