#World_Health
Published 04 April 2026

■ ဗိုက်တာမင်-ဒီကို လိုအပ်လို့ အသုံးပြုမယ်ဆိုရင် အခြားသော ဖြည့်စွက်ဆေးတွေက ဗိုက်တာမင်-ဒီရဲ့ စုပ်ယူမှု၊ ထိရောက်မှု၊ ဇီဝဖြစ်ပျက်ပုံတို့ကို နှောင့်ယှက်စေတာကို သိထားသင့်ပါတယ်။

■ (၁) မဂ္ဂနီဆီယံ
မဂ္ဂနီဆီယံ ပမာဏများလွန်းရင် ခန္ဓာကိုယ်ထဲက ကယ်စီယံမျှခြေ နှောင့်ယှက်နိုင်ပါတယ်။
ဒါကြောင့် မဂ္ဂနီဆီယံ၊ ဗိုက်တာမင်-ဒီ၊ ကယ်စီယံ ဖြည့်စွက်ဆေးတို့ကို အသုံးပြုမယ်ဆိုရင် မဂ္ဂနီဆီယံနဲ့ ကယ်စီယံတို့ကို နာရီအနည်းငယ်ခြားပြီး သောက်သင့်ပါတယ်။

■ (၂) ကယ်စီယံ
ကယ်စီယံပမာဏ အလွန်များတဲ့အခါ ဗိုက်တာမင်-ဒီနဲ့ အခြားအာဟာရဓာတ်များရဲ့ ဇီဝဖြစ်စဉ်တွေကို လိုက်နှောင့်ယှက်နိုင်ပါတယ်။
ဒါကြောင့် ကယ်စီယံပမာဏများများ သုံးစွဲဖို့လိုအပ်ရင် ဗိုက်တာမင်-ဒီနဲ့ အချိန်ခြားပြီး သုံးစွဲသင့်ပါတယ်။

■ (၃) ဗိုက်တာမင်-ကေ
ဗိုက်တာမင်-ဒီနဲ့ ဗိုက်တာမင်-ကေတို့ကြား မညီမျှပါက သွေးကြောတစ်ရှူးတွေထဲမှာ ကယ်စီယံအနည်ထိုင်လာပြီး နှလုံးသွေးကြောကျဉ်းခြင်းလိုမျိုး ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် နှလုံးသွေးကြောနဲ့ အရိုးကျန်းမာရေးတို့နဲ့ ပတ်သက်လာရင် ဗိုက်တာမင်-ကေနဲ့ ဗိုက်တာမင်-ဒီတို့ကို မှန်ကန်တဲ့ပမာဏအတိုင်း သောက်သုံးသင့်ပါတယ်။

■ (၄) ဗိုက်တာမင်-အေ
ဗိုက်တာမင်-အေ အလွန်များသွားတဲ့အခါ ဗိုက်တာမင်-ဒီရဲ့ အာနိသင်တွေကို နှောင့်ယှက်စေပါတယ်။
ဒါကြောင့် မုန်လာဥနီ၊ ကန်စွန်းဥ၊ ဟင်းနုနွယ်၊ ကိုက်လံတို့လို စားစရာတွေကနေ ဗိုက်တာမင်-အေ ရအောင်စားပေးသင့်ပြီး မျှတအောင် သုံးစွဲခြင်းက ပိုအရေးကြီးပါတယ်။

Source: Health.