#World_Science
Published 23 April 2026

■ Holocene ကာလက အကြီးမားဆုံး မီးတောင်ပေါက်ကွဲမှုကြီးရဲ့ ကျောက်ရည်ကန်ကြီး ပြန်လည်ဖြည့်တင်းနေပါပြီ။

■ ဂျပန် ကိုဘေးတက္ကသိုလ်က မီးတောင်ဝချိုင့်ဝှမ်း ဧရာမမီးတောင်တွေကို လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။

■ အချို့မီးတောင်တွေက ပြင်းထန်စွာပေါက်ကွဲကာ ကျောက်ရည်ပူတွေ ပိုထွက်စေပြီး မီးတောင်ဝချိုင့်ဝှမ်းတွေ ဖြစ်ပေါ်စေပါတယ်။

■ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇,၃၀၀ ခန့်က ပေါက်ကွဲခဲ့တဲ့ ရေအောက် ကီကိုင်ချိုင့်ဝှမ်း၊ တိုဘာချိုင့်ဝှမ်း၊ ယဲလိုးစတုန်းချိုင့်ဝှမ်းတို့ဟာ အဆိုပါ မီးတောင်ပေါက်ကွဲမှုကြီးတွေ ဖြစ်ပါတယ်။

■ ဒီလောက် ကျောက်ရည်ပူ ပမာဏအများကြီး စုပြုံဖြစ်ပေါ်လာပုံ၊ ဧရာမမီးတောင်ဝချိုင့်ဝှမ်း ပေါက်ကွဲမှုကြီး ဖြစ်ပေါ်ပုံတို့ကို နားလည်အောင်လုပ်ရမယ်လို့ ကိုဘေးတက္ကသိုလ်မှ ဘူမိရူပပညာရှင် ဆယ်အာမာနိုဘူကာဇူက ပြောပါတယ်။

■ ကိုဘေးတက္ကသိုလ် သုတေသီက JAMSTEC နဲ့ ပူးပေါင်းကာ ရေအောက်မှာရှိတဲ့ ကီကိုင်မီးတောင်ဝချိုင့်ဝှမ်းကို သမုဒ္ဒရာကြမ်းပြင်တိုင်း ကိရိယာတွေနဲ့ တုန်ခါမှုအတုများ ပြုလုပ်စေပါတယ်။

■ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇,၃၀၀ ခန့်က ပေါက်ကွဲခဲ့တဲ့ မီးတောင်အောက်မှာ ကျောက်ရည်ပူအများအပြား တွေ့ရှိခဲ့သဖြင့် တည်နေရာနဲ့ အကျယ်အဝန်းအရ ယခင်ပေါက်ကွဲမှုကြီးရဲ့ ကျောက်ရည်ပူကန်ကြီးပဲ ဖြစ်နေပါတယ်။

■ ဒါပေမဲ့ ကျောက်ရည်တွေကတော့ ယခင်ပေါက်ကွဲမှုတွေရဲ့ လက်ကျန်တွေ မဟုတ်နိုင်ပါဘူး။
ဒါဟာ ကျောက်ရည်ပူကန်ကြီး ပြန်လည်ဖြည့်တင်းနေတယ်လို့ သုတေသီတွေ ယူဆစရာ ဖြစ်လာပါတယ်။

■ အဓိကရည်မှန်းချက်ကတော့ အနာဂတ်မှာ ဧရာမပေါက်ကွဲမှုကြီးတွေရဲ့ အရိပ်အယောင်တွေကို စောင့်ကြည့်နိုင်ဖို့ ဖြစ်ပါတယ်။

Source: Phys.