#World_Health
Published 23 April 2026

■ ကင်းစ်ကောလိပ်လန်ဒန်ရဲ့ လေ့လာချက်တစ်ခုမှာ အင်နျူလင်နဲ့ ဖရပ်တိုအိုလီဂိုဆက်ခရိုက်(FOS)တို့လို နေ့စဉ်သုံး ပရိုတိန်းတွေ၊ ပရီဘိုင်အိုတစ် ဖြည့်စွက်ဆေးတွေက အသက် ၆၀ အထက်လူတွေမှာ မှတ်ဉာဏ်စမ်းသပ်မှုရလဒ်တွေ တိုးတက်စေတယ်လို့ တွေ့ရှိခဲ့ပါတယ်။

■ အမွှာပေါင်း ၃၆ တွဲဖြင့် စမ်းသပ်ခဲ့ရာမှာ အမွှာတစ်ဦးက ပရီဘိုင်အိုတစ်တွေ သုံးစွဲရပြီး နောက်တစ်ဦးက အာနိသင်မပါတဲ့ဆေး သုံးစွဲခဲ့ပါတယ်။

■ ဖြည့်စွက်ဆေးသုံးစွဲသူတွေက ဦးနှောက်အသိဉာဏ်စမ်းသပ်ရလဒ် မြင့်မားခဲ့ပြီး အူလမ်းကြောင်း ပိုးမွှားစနစ်လည်း တိုးတက်တာ တွေ့ရပါတယ်။

■ ဘိုင်ဖီဒိုဘက်တီးရီးယားလိုမျိုး အူလမ်းကြောင်း အကျိုးပြုပိုးမွှားတွေ တိုးများလာစေကာ ဦးနှောက်အသိဉာဏ်လုပ်ဆောင်ချက်နဲ့ အူလမ်းကြောင်း-ဦးနှောက် ချိတ်ဆက်မှု ပိုမိုကောင်းမွန်စေပုံနဲ့ ဆက်စပ်နေပါတယ်။

■ ဦးနှောက်အသိဉာဏ် ယိုယွင်းခြင်းကို ဆန့်ကျင်ဖို့နဲ့ ဦးနှောက်ကျန်းမာရေး ရေရှည်တိုးတက်စေဖို့အတွက် အူလမ်းကြောင်း-ဦးနှောက်ဝင်ရိုးက အဓိကကျတယ်လို့ သုတေသီတွေ ယူဆထားပါတယ်။

■ ဒီဖြည့်စွက်ဆေးတွေက ဈေးသက်သာပြီး အလွယ်တကူ ရရှိနိုင်သလို ဘေးကင်းစိတ်ချရပါတယ်။

■ ဒါပေမဲ့ ကြွက်သားထုထည်လိုမျိုး ရုပ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေတော့ သိသာတိုးတက်တာမျိုး မတွေ့ရပါဘူး။

■ လေ့လာချက်ထဲကလူတွေမှာ အမျိုးသမီးဦးရေ ပိုများနေပြီး သာမန်အားဖြင့် အမျိုးသမီးတွေက အယ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေပိုများပါတယ်။

■ အူလမ်းကြောင်းပိုးမွှားမျှခြေက ရောဂါအခြေအနေတွေအပေါ် လွှမ်းမိုးနေနိုင်တာကြောင့် ပရီဘိုင်အိုတစ်တွေကို ကျယ်ပြန့်စွာ အသုံးပြုနိုင်ဖို့ အလားအလာတွေ ရှိနေပါတယ်။

Source: Science Alert.