#World_Health
Published 31 March 2026

■ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာများစွာ ရှိပေမယ့် ဒီထက်ပိုပြီး အာဟာရဓာတ်တွေကို အသံတိတ်ပေးစွမ်းနိုင်တဲ့ အစားအစာတွေလည်း ရှိပါတယ်။

■ ထိုစားစရာတွေက သိပ်ပြီးအထင်ကြီး မခံရပေမယ့် တကယ်တမ်းမှာတော့ စားနေကျအရာတွေထက် ပိုပြီး အာဟာရထောက်ပံ့ပေးနိုင်တယ်လို့ အာဟာရပညာရှင် အမ်မာမီအက်ဂါဝယ်က ပြောပါတယ်။
ဒီလိုမျိုး လဲလှယ်စားသုံးသင့်တဲ့ အရာတွေကတော့..

■ (၁) ကယ်စီယံအတွက် နှမ်းစေ့နှင့် နို့
နို့က ကယ်စီယံကြွက်ဝပြီး အရိုးကျန်းမာရေးကို ထောက်ကူပေမယ့် နှမ်းစေ့က ဂရမ်အတူတူချင်း ယှဉ်ကြည့်ရင် ကယ်စီယံပိုပေးနိုင်ပါတယ်။
နို့ ၁၀၀ ဂရမ်မှာ ကယ်စီယံ ၁၁၈ မီလီဂရမ်ခန့် ပါဝင်ပြီး နှမ်းစေ့ထိုပမာဏဆိုရင်တော့ ကယ်စီယံ ၁၂၈၃ မီလီဂရမ်ခန့် ပါဝင်ပါတယ်။

■ (၂) သံဓာတ်အတွက် စမုန်နီစေ့နှင့် ဟင်းနုနွယ်
ဟင်းနုနွယ်က သံဓာတ်ပေးစွမ်းနိုင်တယ်ဆိုတာ သိထားကြပေမယ့် စမုန်နီကလည်း သံဓာတ်များစွာ ပါဝင်ပါတယ်။
ဟင်းနုနွယ် ၁၀၀ ဂရမ်မှာ သံဓာတ် ၂.၇ မီလီဂရမ်ပါဝင်ပြီး ထိုပမာဏအတိုင်း စမုန်နီမှာတော့ သံဓာတ် ၁၇ မီလီဂရမ်တောင် ပါဝင်ပါတယ်။

■ (၃) ဗိုက်တာမင်-စီအတွက် မာလကာသီးနှင့် လိမ္မော်သီး
လိမ္မော်သီးမှာ ကိုယ်ခံအားအတွက် အရေးကြီးတဲ့ ဗိုက်တာမင်-စီ ပါဝင်တာ သိထားကြပေမယ့် မာလကာသီးက အံ့အားသင့်ဖွယ် ဗိုက်တာမင်-စီ ကြွယ်ဝနေပါတယ်။
လိမ္မော်သီး ၁၀၀ ဂရမ်မှာ ဗိုက်တာမင်-စီ ၅၃ မီလီဂရမ် ပါဝင်ကာ ထိုပမာဏအတိုင်း မာလကာသီးမှာတော့ ၂၂၈ မီလီဂရမ် ပါဝင်နေပါတယ်။

■ ဒီဖော်ပြချက်တွေက လုံးဝအစားထိုးဖို့ ရည်ညွှန်းတာမဟုတ်ဘဲ အာဟာရဓာတ်မျှတအောင် ချင့်ချိန်စားသုံးကြဖို့အတွက်သာ ဖြစ်ပါတယ်။

Source: NDTV.