#World_Science
Published 16 October 2025
■ ဖန်ပြွန်သန္ဓေ(IVF)ဆိုတာက ဓာတ်ခွဲခန်းထဲမှာ အမျိုးသမီးရဲ့ မျိုးဥကို အမျိုးသားရဲ့ သုတ်ပိုးနဲ့ မျိုးအောင်စေပြီး ရလာတဲ့သန္ဓေသားကို သားအိမ်ထဲသို့ လွှဲပြောင်းရပါတယ်။
■ အခုအခါမှာ အောင်မြင်မှုနှုန်း မြင့်မားစေရန်အတွက် AI တွေပါဝင်တဲ့ အယ်ဂိုရစ်သမ်တွေ အသုံးပြုလာကြပြီး သန္ဓေသားအရည်အသွေးကို လူသားမျက်စိထက် ပိုမိုတိကျစွာ ဆန်းစစ်နိုင်သလို သားအိမ်တုံ့ပြန်မှုကိုလည်း ခန့်မှန်းနိုင်ပါပြီ။
■ IVF နည်းပညာကို အမြဲတိုးတက်အောင်လုပ်နေပြီး အမျိုးမျိုးသောအဆင့်တွေမှာ AI နဲ့ ပေါင်းစပ်လာကြကြောင်း ဘင်္ဂလူရူ ဘာလာ IVF မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမန်ဂျူနက်သ်က ပြောပါတယ်။
■ အိန္ဒိယမှာ ကိုယ်ဝန်ရဖို့ခက်ခဲနေတဲ့ စုံတွဲတွေအတွက် IVF နည်းလမ်းက ရွေးချယ်စရာ ဖြစ်နေပါတယ်။
■ ဆေးရုံဆေးခန်းတွေမှာ AI ထောက်ကူကိရိယာများ၊ နည်းလမ်းများ၊ ဒီဂျစ်တယ်ပုံရိပ်များ ပိုမိုအသုံးပြုလာကြပါတယ်။
■ MAIA နဲ့ ERICA တို့လို AI ကိရိယာတွေဆိုရင် သန္ဓေထည့်ခန့်မှန်းခြင်းတို့မှာ တိကျမှုရှိပြီး သာမန်နည်းလမ်းတွေထက် ပိုမိုသာလွန်ပါတယ်။
■ AI စနစ်သုံးနည်းလမ်းတွေက သုတ်ပိုးနဲ့ မျိုးဥအရည်အသွေး အကြောင်းအရာများကို ရှာဖွေနိုင်ကာ မျိုးပွားအောင်မြင်မှုရလဒ် ကောင်းမွန်အောင် ကူညီပေးနေပါတယ်။
■ AI ထောက်ကူ IVF က စရိတ်မြင့်မားခြင်း၊ ဒေတာများ အကန့်အသတ်သာရှိခြင်းနဲ့ စီမံကွပ်ကဲရေးအခက်အခဲများတော့ ရှိနေပါတယ်။
■ ဒါပေမဲ့ AI အနေနဲ့ IVF ကို အနာဂတ်မှာ ပိုမိုအသုံးချတိကျစေနိုင်ဖို့လည်း အခွင့်အလမ်းတွေ ရှိနေပါတယ်။
Source: India Today