#World_News
Published 15 September 2025
▪️ တီရာနာ၊ အယ်လ်ဘေးနီးယား (AP) — အယ်လ်ဘေးနီးယား ဝန်ကြီးချုပ်က သူ့ရဲ့ ကက်ဘိနက်အဖွဲ့သစ်မှာ ဉာဏ်ရည်တု (AI) နဲ့ ဖန်တီးထားတဲ့ “ဝန်ကြီး” တစ်ဦးကို ခန့်အပ်လိုက်ပါတယ်။ ဒီ AI ဝန်ကြီးရဲ့ အဓိကတာဝန်တွေကတော့ အဂတိလိုက်စားမှုတွေကို တိုက်ဖျက်ဖို့၊ ပွင့်လင်းမြင်သာမှုနဲ့ ဆန်းသစ်တီထွင်မှုတွေကို မြှင့်တင်ပေးဖို့ပဲ ဖြစ်ပါတယ်။
▪️ ဒီ AI ဝန်ကြီးကို Diella လို့ နာမည်ပေးထားပါတယ်။ Diella ဆိုတာကတော့ အယ်လ်ဘေးနီးယားဘာသာစကားမှာ “နေမင်း” လို့ အဓိပ္ပာယ်ရတဲ့ အမျိုးသမီးနာမ်ပုဒ် ဖြစ်ပါတယ်။ ဝန်ကြီးချုပ် Edi Rama က သူ့ရဲ့ Facebook စာမျက်နှာမှာ “ဒီ AI ဝန်ကြီးဟာ ရုပ်ပိုင်းဆိုင်ရာအရ မရှိပေမယ့်၊ ကက်ဘိနက်အဖွဲ့ဝင်တစ်ဦးအနေနဲ့ လုပ်ဆောင်သွားမှာပါ” လို့ ရေးသားဖော်ပြခဲ့ပါတယ်။
▪️ Rama ရဲ့ ပြောကြားချက်အရ ဒီ AI-generated bot ဟာ "အစိုးရရဲ့ တင်ဒါခေါ်ယူမှုတွေကို ၁၀၀% အဂတိကင်းစေဖို့" နဲ့ အစိုးရလုပ်ငန်းတွေကို ပိုမိုမြန်ဆန်ပြီး ပွင့်လင်းမြင်သာမှုရှိအောင် ကူညီပေးနိုင်လိမ့်မယ်လို့ ဆိုပါတယ်။
▪️ အယ်လ်ဘေးနီးယားရဲ့ သတင်းအချက်အလက်လူ့အဖွဲ့အစည်းဆိုင်ရာ အမျိုးသားအေဂျင်စီရဲ့ ဝက်ဘ်ဆိုဒ်အရ Diella ဟာ သူ့ကိုပေးအပ်ထားတဲ့ တာဝန်တွေကို တိကျမှန်ကန်စွာ လုပ်ဆောင်နိုင်ဖို့အတွက် ခေတ်မီပြီး နောက်ဆုံးပေါ် AI နည်းပညာတွေကို အသုံးပြုထားပါတယ်။
▪️ ရိုးရာအယ်လ်ဘေးနီးယားဝတ်စုံကို ဝတ်ဆင်ထားတဲ့ ပုံပန်းသဏ္ဌာန်နဲ့ Diella ကို မိုက်ခရိုဆော့ဖ် (Microsoft) နဲ့ ပူးပေါင်းပြီး ဒီနှစ်အစောပိုင်းမှာ ဖန်တီးခဲ့တာ ဖြစ်ပါတယ်။
▪️ အစကတော့ e-Albania လို့ခေါ်တဲ့ အများပြည်သူဝန်ဆောင်မှု ပလက်ဖောင်းပေါ်က virtual assistant (ဗီဒီယို လက်ထောက်) အဖြစ် စတင်ခဲ့ပြီး အသုံးပြုသူတွေကို ဝက်ဘ်ဆိုက်မှာ သွားလာပုံ၊ ဒစ်ဂျစ်တယ်စုံစမ်းမေးမြန်းမှုတွေနဲ့ စာရွက်စာတမ်းပေါင်း ၁ သန်းနီးပါးကို ဝင်ရောက်ကြည့်ရှုနိုင်အောင် ကူညီပေးခဲ့ပါတယ်။
#Source AP