#World_Health
Published 15 September 2025
▪️ အိပ်စက်ခြင်းက ကျန်းမာရေးထိန်းသိမ်းရာမှာ အရေးကြီးတဲ့ လုပ်ဆောင်ချက်တွေထဲက တစ်ခုဖြစ်ပေမယ့် အများစုက အိပ်ချိန်ဘယ်လောက်လိုလဲဆိုတာ သိပ်နားမလည်ကြပါဘူး။
▪️ အာရုံကြောအထူးကု ဒေါက်တာ ဆူဒီယာကူမာက အသက်အရွယ်အလိုက် အိပ်ချိန်ပမာဏလိုအပ်ပုံကို ဖော်ပြထားပါတယ်။
▪️ အသက် ၃ လအထိ မွေးကင်းစကလေးတွေက ၁၄ နာရီမှ ၁၇ နာရီ၊ အသက် ၄ လမှ ၁၂ လအထိက ၁၂ နာရီမှ ၁၆ နာရီ၊ အသက် ၁ နှစ်မှ ၅ နှစ်အထိက ၁၀ နာရီမှ ၁၄ နာရီ၊ အသက် ၆ နှစ်မှ ၁၂ နှစ်အထိက ၉ နာရီမှ ၁၂ နာရီ၊ ၁၃ နှစ်မှ ၁၈ နှစ်က ၈ နာရီမှ ၁၀ နာရီ၊ ၁၈ နှစ်နဲ့အထက်က ၇ နာရီမှ ၉ နာရီဖြစ်ကြပါတယ်။
▪️ ဒေသလူမျိုးအလိုက် အနည်းငယ်ကွာခြားနိုင်ပေမယ့် ပျမ်းမျှပမာဏကတော့ ဒီနှုန်းတွေအတိုင်းဖြစ်တယ်လို့ ဒေါက်တာဂျာဂါဒစ်ရှ်ဟိုင်ရာမက်က ပြောပါတယ်။
▪️ မွေးကင်းစကလေးတွေက ဦးနှောက်နဲ့ ခန္ဓာကိုယ်လျင်မြန်စွာကြီးထွားနေတဲ့အတွက် အိပ်ချိန်အမြောက်အများ လိုအပ်တာဖြစ်ပါတယ်။
▪️ ဒီအရွယ်မှာ အိပ်စက်ခြင်းက မှတ်ဉာဏ်ဖွဲ့စည်းပုံ၊ လေ့လာသင်ယူခြင်း၊ ကိုယ်ခံအားစနစ်ဖွံ့ဖြိုးခြင်းတို့အတွက် အရေးပါပါတယ်။
▪️ အရွယ်ရောက်သွားချိန်မှာတော့ ဦးနှောက်အသိဉာဏ် စွမ်းဆောင်ရည်၊ ဆဲလ်ထိခိုက်မှုပြုပြင်ခြင်း၊ စိတ်ခံစားချက် ထိန်းသိမ်းမှုထောက်ပံ့ခြင်းတို့အတွက်သာ အဓိကအရေးပါပါတယ်။
▪️ အိပ်ရေးပျက်တဲ့အခါ အာရုံစူးစိုက်မှုလျော့နည်းခြင်း၊ တုံ့ပြန်မှုနှေးခြင်း၊ စိတ်အနှောင့်အယှက်ဖြစ်ခြင်း၊ ကိုယ်ခံအားနည်းခြင်းတို့ ဖြစ်လာနိုင်ပါတယ်။
Source: Indian Express.