#World_Health
Published 15 September 2025

▪️ အချိန်အပိုင်းအခြား အစာဖြတ်ခြင်း(IF)နဲ့ အချိန်ကန့်သတ်စားခြင်း (TRE)နည်းလမ်းတွေဟာ ကမ္ဘာတဝှမ်းမှာ ရေပန်းစားလာပြီး ကိုယ်အလေးချိန်ကျစေတယ်လို့ အသားပေးပြောနေကြပါတယ်။

▪️ ဒါပေမဲ့ လေ့လာချက်အသစ်တစ်ခုမှာတော့ ဒီနည်းလမ်းတွေရဲ့ ဘေးကင်းစိတ်ချရမှုနဲ့ ပတ်သက်ပြီး စိုးရိမ်စရာတွေ ဖော်ပြလာပါတယ်။

▪️ တစ်နေ့အတွင်း အချိန်ကာလ ၈ နာရီအောက်အတွင်းသာ စားတဲ့သူတွေဟာ ပုံမှန် ၁၂-၁၄ နာရီကာလအတွင်း စားသုံးသူတွေထက် နှလုံးသွေးကြောရောဂါကြောင့် ဆုံးပါးနိုင်ခြေ ၁၃၅ ရာခိုင်နှုန်း ပိုများကြောင်းဆန်းစစ်တွေ့ရှိထားပါတယ်။

▪️ ဒီနည်းလမ်းတွေက ကိုယ်အလေးချိန် ကျစေနိုင်ပေမယ့် ရေရှည်မှာ နှလုံးပြဿနာကြောင့် အသက်အန္တရာယ်ရှိနိုင်တယ်လို့ ဆိုလာပါတယ်။

▪️ ဒါပေမဲ့ ဒီလေ့လာချက်တွေက သက်သေပြနိုင်သေးတာမဟုတ်ဘဲ ဆက်စပ်မှုသာ ဖြစ်ပါတယ်။

▪️ ဒီအတွက် သေချာဂရုပြုစဉ်းစားသင့်ကာ ရေတိုအတွက်ပဲ ကြံရွယ်သင့်ပါတယ်။

▪️ ဒါ့အပြင် အစာဖြတ်ခြင်းက အချို့လူတွေမှာ အာဟာရဓာတ်ချို့တဲ့ခြင်း၊ ခေါင်းကိုက်ခြင်း၊ နေမထိထိုင်မသာဖြစ်ခြင်း၊ အစာခြေပြဿနာများ ဖြစ်နိုင်ပါတယ်။

▪️ လေ့လာချက်ထဲက အဓိကအချက်တွေက တစ်နေ့ကို အချိန်ကာလ ၈ နာရီအတွင်းသာ စားသုံးခြင်းက နှလုံးသွေးကြောအန္တရာယ် ၂ ဆကျော်ပိုများခြင်း၊ အချို့လူတွေမှာ ဘေးအန္တရာယ်ဖြစ်နိုင်ခြင်း၊ အစာဖြတ်ခြင်းက အသုံးဝင်တယ်ဆိုပေမယ့် အားလုံးပြေလည်မှာ မဟုတ်ခြင်းတို့ ဖြစ်ပါတယ်။

▪️ နာရီပိုင်းကြာအောင် အစာဖြတ်တဲ့အခါ နှလုံးရောဂါအန္တရာယ် ရှိလာနိုင်ပြီး ဆီးချိုနဲ့ အဝလွန်သူတွေမှာလည်း ဒီတစ်ခုတည်းနဲ့ မဖြေရှင်းနိုင်ပါဘူး။

▪️ အရေးကြီးတာက မျှတအောင်နေပြီး ကျွမ်းကျင်သူများထံမှ အကြံပေးလမ်းညွှန်တဲ့အတိုင်း ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။

Source: India Today.