Published 28 Sept 2021
အစ္စရေးက mask ထုတ်တဲ့ ကုမ္ပဏီ ဆိုနိုဗီးယားက သူတို့ရဲ့ ပိတ် mask ဟာ အီတလီနိုင်ငံရဲ့ ထိပ်တန်း အထည်အလိပ် စစ်ဆေးဓာတ်ခွဲခန်းရဲ့ စစ်ဆေးပေးချက်အရ ကိုဗစ်-၁၉ ဒဲလ်တာ မျိုးဗီဇကွဲကို ၉၉.၉၅ ရာခိုင်နှုန်းကာကွယ်ပေးနိုင်ကြောင်း အဖြေထုတ်ပေးတယ်လို့ ပြောပါတယ်။
 
ကုမ္ပဏီတည်ထောင်သူ ရှုကီဟာ့ရှ်ကိုဗစ်က ဂျေရုစလင်ပို့စ်ကို ပြောကြားရာမှာ သူတို့ရဲ့ mask တွေကို ဗစ်မီဒရီ တက်စ်တိုင်းမှာ စစ်ဆေးတဲ့အခါ Zinc နာနိုအမှုန်ကလေးတွေနှင့် သုတ်လိမ်းထားတဲ့ သူတို့ရဲ့ အဝတ်ပိတ်တွေက ကိုဗစ်-၁၉ ဗြိတိန်မျိုးဗီဇကွဲနှင့်အတူ H1N1လို့ခေါ်တဲ့ဝက်တုပ်ကွေးကိုပါ ကာကွယ်နိုင်စွမ်းရှိတယ်ဆိုတာတွေ့ရတယ်လို့ဆိုပါတယ်။
အဲဒီပိတ်တွေကို မြူမျိုးဗီဇကွဲနှင့် ဓာတ်ခွဲခန်းက ဆက်လက်စမ်းသပ်ဦးမှာဖြစ်ပါတယ်လို့ ဆိုနိုဗီးယားရဲ့ နည်းပညာအရာရှိချုပ် လီယက် ဂိုးဟမ်မာစတင်းဘတ်က ပြောပါတယ်။
အခုနောက်ဆုံးတွေ့ရှိတဲ့အဖြေတွေက ဒီအဝတ်ပိတ်တွေဟာ အယ်လ်ဖာနှင့် ဒယ်လ်တာနှစ်ခုစလုံးကို ကာကွယ်နိုင်စွမ်းရှိတာကြောင့် ဒီပိတ် maskတွေဟာ ကိုဗစ်ကူးစက်မှုကို တားဆီးရာမှာ အခန်းကဏ္ဍတစ်ခုကနေ ရှိလာနိုင်တော့မှာလို့ဆိုပါတယ်။
 
ဆိုနိုဗီးယားနည်းပညာက ဗက်တီးရီးယားနှင့် ဗိုင်းရပ်စ်ကို သေစေနိုင်တဲ့ ငွေနှင့်သွပ်အမှုန်လေးတွေကို ပိတ်ထဲ မှုတ်သွင်းပေးလိုက်တာဖြစ်ပါတယ်။ ဒီနည်းပညာကို လက်ရှိမှာ ဆိုနို mask အတွက်သာမကဘဲ အများပြည်သူသုံးယာဉ်တွေနှင့် လေယာဉ်ထိုင်ခုံတွေရဲ့ ထိုင်ခုံအစွပ်တွေအဖြစ်လည်းကောင်း၊ဆေးရုံတွေအတွက် အိပ်ရာခင်း၊ခေါင်းအုံးစွပ်တွေနှင့် အဝတ်အထည်တွေအတွက် လည်းကောင်း သုံးစွဲနေပါတယ်။
 
Mask တွေအာလုံးကို အခုအစ္စရေးတစ်နိုင်ငံထဲမှာပဲ အဆင့်မြင့်အရည်အသွေးထိန်းချုပ်မှုနှင့် ထုတ်လုပ်နေပါတယ်လို့ ကုမ္ပဏီကပြောပါတယ်။
“ ဖောက်သည်တွေက မြင်သာတဲ့ ရလဒ်လိုချင်ကြတယ်။ ကျွန်တော်တို့က အဲဒါကိုသူတို့ကိုပေးနေပါတယ်” လို့ စီအီးအို အိုင်ဂျဲလ် ဇိတ်တွန်က ပြောပါတယ်။
Source JPost