၂၅ စက်တင်ဘာ ၂၀၂၄

ပင်းမြစ်ရေလျှံတဲ့အတွက် ချင်းမိုင်ရဲ့ မောင်ခရိုင်ရဲ့ မြို့လယ်နှင့် စီးပွားရေးအချက်အခြာနေရာတွေမှာ အင်္ဂါ နေ့ညကကစပြီး ရေကြီးရေလျှံမှုတွေဖြစ်နေတယ်လို့ ဘန်ကောက်ပို့စ်က သတင်းရေးသားပါတယ်။

ဗုဒ္ဓဟူးနေ့ညမှာ ချန်တောင်ခရိုင်ဘက်မှာ ရေကြီးရေလျှံမှဒကြီးနောက်ထပ်တစ်ခု ထပ်ဖြစ်ဦးမယ်လို့ ဒေသခံတွေကို သတိပေးထားပါတယ်။

ချင်းမိုင်မြို့ကို ဖြတ်သန်းစီးဆင်းတဲ့ ပင်းမြစ်ရဲ့ ရေမျက်နှာပြင်ဟာ ခပ်မြန်မြန်ကိုမြင့်တက်လာနေပါတယ်။  မြစ်ရေဟာ ယမန်နေ့ညက စိုးရိမ်ရေမှတ် ၄.၂ မီတာထက် ကျော်လွန်ရောက်ရှိခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့ မနက် ၅နာရီတိုင်းတာချက်အရ  မြစ်ရေဟာ ၄.၄၅ မီတာအမြင့်ကိုရောက်ရှိလာပြီး အဲဒီအမြင့်မှာ ငြိမ်နေပါတယ်။

မြစ်ရေလျှံမှုမကြောင့် ချန်ခန်နှင့် ချရွန်ဖရာသက်လမ်းတွေရှိတဲ့ စီးပွားရေးအချက်အခြာနေရာတွေနှင့် ညဈေးဘက်ကိုပါ ရေတွေမြင့်တက်ရောက်ရှိလာခဲ့ပါတယ်။

မြေနိမ့်ပိုင်းက ပါဒက်နှင့် နွန်ဟွိုင်းအရပ်တွေမှာ ရေတွေလွှမ်းသွားပါတယ်။

ချင်းမိုင်းမြူနီစပါယ်နှင့် ပြည်နယ်အေဂျင်စီတွေဟာ မြစ်ကမ်းနဖူးမှာ သဲအိတ်တွေချပြီး ရေကိုတားဆီး နေကြပါတယ်။ အဲဒီအပြင် ဒေသခံတွေကလည်း သူတို့ရပ်ကွက်အလိုက်မှာ သဲအိတ်တွေချထားနေကြ  ပါတယ်လို့သတင်းကရေးသားပါတယ်။ ဒီတစ်ခါရေကြီးတာ ၂၀၂၂တုန်းက အဆိုးရွားဆုံးရေကြီးခဲ့တာလိုပဲ လို့ဒေသခံတော်တော်များများကပြောနေကြပါတယ်။

ချင်းမိုင်မြူနီစပါယ်က ဒေသဆေးရုံမှာ  ရေဘေးဒုက္ခသည်တွေ အထူးသဖြင့် သက်ကြီးရွယ်အိုတွေကို ကူညီဖို့အတွက်  ယာယီအမိုးအကာ တစ်ခု တည်ဆောက်ပေးထားပါတယ်။

#ymg/knl