#World_News
Published 25 September 2024


▪️ ထိုင်းနိုင်ငံသို့ ဝင်ရောက်မယ့် နိုင်ငံခြားခရီးသွားများအတွက် အီလက်ထရွန်နစ် ခရီးသွားခွင့်ပြုချက် (ETA)စနစ် အကောင်အထည်ဖော်ခြင်းကို ရွှေ့ဆိုင်းလိုက်ကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက စက်တင်ဘာ ၂၃ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

 

▪️ လာရောက်သူများအတွက် လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရန် စီစဉ်ထားသည့် ETA စနစ်ကို မူလက ၂၀၂၄ ဒီဇင်ဘာမှာ စတင်ရန် စီစဉ်ခဲ့ပါတယ်။

 

▪️ သက်ဆိုင်ရာ အေဂျင်စီများနဲ့ ညှိနှိုင်းဆဲဖြစ်ပြီး စတင်မယ့်ရက်ကို မသတ်မှတ်ရသေးဘူးလို့ ဝန်ကြီးဌာနက ဆိုပါတယ်။

 

▪️ ETA စနစ်အရ ၉၃ နိုင်ငံမှ နိုင်ငံခြားခရီးသွားများကို ဗီဇာကင်းလွတ်ခွင့်ပြုထားပြီး ထိုင်းနိုင်ငံသို့ မရောက်ခင်မှာ အွန်လိုင်းကနေ အရင်စာရင်းသွင်းရမှာ ဖြစ်ပါတယ်။

 

▪️ စာရင်းသွင်းစဉ် လက်ခံရရှိတဲ့ QR ကုဒ်ကို အလိုအလျောက်စနစ် လူဝင်မှုကြီးကြပ်ရေးဂိတ်တွေမှာ ဖြတ်သန်းတဲ့အခါ အသုံးပြုရမှာ ဖြစ်ပါတယ်။

 

▪️ ထိုင်းနိုင်ငံမှာ အီလက်ထရွန်နစ် ဗီဇာစနစ်သို့ ကူးပြောင်းရာမှာ ETA ကို ဖြည်းဖြည်းချင်း ထည့်သွင်းသွားမှာ ဖြစ်ပါတယ်။

 

▪️ ဝန်ကြီးဌာနက ETA ကို အကောင်အထည်ဖော်ဖို့ ကတိပြုထားပေမယ့် အသေးစိတ်များ အပြီးသတ်ပြီး အဆင်ပြေချောမွေ့စွာ စတင်နိုင်ဖို့ အခြားသော အစိုးရအဖွဲ့တွေနဲ့ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

 

▪️ ETA စနစ် စတင်ကျင့်သုံးမည့်ရက်စွဲနဲ့ ပတ်သက်လို့ နောက်ဆုံးရ အချက်အလက်များ သိရှိစေရန် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ လူဝင်မှုကြီးကြပ်ရေးဗျူရိုတို့မှ ထုတ်ပြန်ချက်များကို စောင့်ကြည့်နေရန် ခရီးသွားများကို အကြံပြုထားပါတယ်။

 

#Source: The Straits Times