#World_Health
Published 25 September 2024


▪️ ယူအေအီးနိုင်ငံမှာ မျိုးရိုးလိုက်ရောဂါများ ဖြစ်ပွားမှုလျှော့ချရန်အတွက် စုံတွဲတွေ လက်ထပ်ဖို့ ရည်မှန်းထားပါက မျိုးဗီဇစစ်ဆေးမှု မဖြစ်မနေ ပြုလုပ်ရန် အဘူဒါဘီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

 

▪️ အဘူဒါဘီမှာ အောက်တိုဘာ ၁ ရက်နေ့ကစပြီး လက်မထပ်ခင်မှာ မျိုးဗီဇစစ်ဆေးမှု မဖြစ်မနေ ပြုလုပ်ရတော့မှာ ဖြစ်ပါတယ်။

 

▪️ ဒါဟာ မွေးလာမယ့် ကလေးတွေမှာ မျိုးဗီဇရောဂါများ လက်ဆင့်ကမ်းပါလာနိုင်တဲ့ အန္တရာယ်ကို စစ်ဆေးတဲ့သဘော ဖြစ်ပါတယ်။

 

▪️ စုံတွဲတစ်ဦးဦးမှာ မျိုးဗီဇဆိုင်ရာ ပြဿနာတစ်မျိုးမျိုး ပါလာရင် သိရှိနိုင်မှာဖြစ်ပြီး မွေးလာမယ့် ကလေးတွေမှာ မျိုးဗီဇရောဂါများ ဖြစ်လာနိုင်ခြေကို လျှော့ချနိုင်ရန် ရည်ရွယ်ပါတယ်။

 

▪️ မျိုးဗီဇပြဿနာများ အဖြစ်များလာတဲ့ အိန္ဒိယမှာလည်း လက်မထပ်ခင် မျိုးဗီဇစစ်ဆေးမှု ပြုလုပ်ဖို့ အကြံပြုသွားမယ်လို့ ဖော်တစ်မမ်မိုရီယယ် သုတေသနမှ ဒေါက်တာ ရှရီနီဒီနေထနီက ပြောသွားပါတယ်။

 

▪️ အဘူဒါဘီ မျိုးဗီဇစစ်ဆေးချက်တွေကို ဌာနပေါင်း ၂၂ ခုမှာ ပြုလုပ်နိုင်မှာဖြစ်ပြီး မျိုးဗီဇပေါင်း ၅၇၀ ကိုစစ်ဆေးကာ မျိုးရိုးလိုက်ပြဿနာပေါင်း ၈၄၀ ကို ဖော်ထုတ်နိုင်မှာ ဖြစ်ပါတယ်။

 

▪️ ရရှိလာတဲ့ ရလဒ်ကိုကြည့်ပြီး စုံတွဲတွေအနေနဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် ချနိုင်မှာဖြစ်ကာ မျိုးဗီဇဆိုင်ရာ ရောဂါများဖြစ်နိုင်ခြေ လျှော့ချနိုင်မှာ ဖြစ်တယ်လို့ ဘာဂျီးမက်ဒီကယ်စီးတီးမှ ဒေါက်တာ အိုင်မန်အယ်ဟက်တက်က ပြောပါတယ်။

 

▪️ လက်မထပ်ခင် မျိုးဗီဇစစ်ဆေးခြင်းက စုံတွဲတွေအတွက် အကျိုးကျေးဇူးအမျိုးမျိုး ရစေနိုင်ပါတယ်။

 

▪️ မျိုးဗီဇချို့ယွင်းနေတဲ့ သူတွေကို ရှာဖွေနိုင်တာကြောင့် မိသားစုအတွင်း မျိုးပွားခြင်းနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက်တွေ ချနိုင်မှာ ဖြစ်ပါတယ်။

 

▪️ မျိုးဗီဇချို့ယွင်းမှု ရှိဖူးတဲ့ မိသားစုမျိုးနွယ်ထဲက သူတွေအတွက် မွေးလာတဲ့ကလေးမှာ ရောဂါဖြစ်နိုင်ခြေရှိမရှိ ခန့်မှန်းနိုင်မှာ ဖြစ်ပါတယ်။

 

▪️ ဒီနောက် အဆိုပါ မျိုးဗီဇပြဿနာတွေနဲ့ ပတ်သက်လို့ အချက်အလက်တွေ သက်ရောက်မှုတွေကို သိရှိစေမှာ ဖြစ်ပါတယ်။

 

#Source: India Today