၁၈ ဒီဇင်ဘာ ၂၀၂၄
ရုရှားဒုတိယဗိုလ်ချုပ်ကြီး အီဂေါကီရီလော့ဗ်ကို မော်စကိုမှာ ဗုံးခွဲတိုက်ခိုက်လုပ်ကြံသတ်ဖြတ်သွားတဲ့ ဥဇဘက်ကစ္စတန်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးမိလိုက်ပြီလို့ ရုရှားကပြောပါတယ်။
သူဟာ ဗုံးကိုထောင်ပြီး ဖောက်ခွဲခဲ့ပါတယ်လို့ ဝန်ခံခဲ့ပါတယ်လို့ သတင်းများကရေးသားပါတယ်။
အသတ်ခံရတဲ့ ဒုတိယဗိုလ်ချုပ်ကြီး ကီရီလော့ဗ်ဟာ ရုရှားရဲ့ နျူကလီးယား၊ဇီဝနှင့်ဓာတုကာကွယ် ရေးတပ်ဖွဲ့များရဲ့ အကြီးအကဲ တစ်ဦးဖြစ်ပါတယ်။
သူဟာ ယူကရိန်းထောက်လှမ်းရေးအဖွဲ့များရဲ့ ညွှန်ကြားချက်အရ မော်စကိုကိုရောက်ရှိနေထိုင်ခဲ့တယ်လို့ ထွက်ဆိုပါတယ်။ အဲဒီနောက်သူဟာ လျှပ်စစ်စကုတာတစ်စီးဝယ်လိုက်ပါတယ်။ အဲဒီနောက် သူဟာ ဖောက်ခွဲတိုက်ခိုက်ပေးဖို့ ဗုံးတစ်လုံးရရှိခဲ့ပါတယ်။ သူဟာ အဲဒီဗုံးကို လျှပ်စစ်စကူတာထဲဘယ်လိုထားခဲ့ တယ်ဆိုတာ ပြောပြပါတယ်။ အဲဒီနောက်သူဟာ စကူတာကို ကီရီလော့်ဗ်နေထိုင်တဲ့ တိုက်ရဲ့ ရှေ့ဝင် ပေါက် အနားရပ်နားထားခဲ့ပါတယ်။ သူဟာ အဲဒီအနီးအနားက ငှားထားတဲ့ကားထဲမှာ ထောက်လှမ်းရေး ကင်မရာတစ်လုံး တပ်ဆင်ထားပြီး ဘာတွေဖြစ်နေတယ်ဆိုတာစောင့်ကြည့်ခဲ့ပါတယ်။
သူဟာ ယူကရိန်းနိုင်ငံ ဒနီပရိုမြို့မှာအခြေချနေထိုင်ခဲ့ပါတယ်။သူဟာ ၁၉၉၅ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ ကီရီလော်ဗ် တိုက်ထဲကထွက်လာတာနှင့်သူဟာ ဗုံးကို အဝေးထိန်းကိရိယာနှင့် ဖောက်ခွဲခဲ့တာဖြစ်ပါ တယ်။
ယူကရိန်းက ဥရောပတစ်နိုင်ငံမှာ သူနေထိုင်ပြီး လူသတ်ပေးဖို့ ဒေါ်လာ တစ်သိန်းပေးခဲ့တယ်လို့ သူက ထွက်ဆိုပါတယ်။ စုံစမ်းစစ်ဆေးသူတွေက သူ့အပြင် ဘယ်သူတွေ ပါဝင်ပတ်သက်နေသလဲ ဆက်လက် ဖော်ထုတ်နေတယ်လို့သိရပါတယ်။
Source Reuters