#World_News
Published 18 December 2024
▪️ နေတိုးအဖွဲ့အစည်း(NATO)က အနောက်တိုင်း စစ်ရေးကူညီမှုများ ယူကရိန်းသို့ ပေးပို့ထောက်ပံ့ရေး ညှိနှိုင်းရေးတာဝန်ကို အမေရိကန်ဆီကနေ စီစဉ်ထားတဲ့အတိုင်း လွှဲပြောင်းရယူလိုက်ပြီလို့ သတင်းရင်းမြစ်တစ်ခုက အင်္ဂါနေ့မှာ ပြောပြပါတယ်။
▪️ ဒါဟာ နေတိုးအပေါ် သံသယရှိနေတဲ့ အမေရိကန် ရွေးချယ်ခံသမ္မတ ဒေါ်နယ်ထရမ့်ထံကနေ ထောက်ပံ့ရေးလုပ်ငန်းစဉ်ကို ထိန်းသိမ်းကာကွယ်ဖို့ ရည်ရွယ်တဲ့လုပ်ရပ်လို့ မြင်နေရပါတယ်။
▪️ ဒီအဆင့်တွေက လပေါင်းများစွာတိုင်အောင် နှောင့်နှေးခဲ့ပြီးနောက် နေတိုးဟာ ရုရှားကျူးကျော်မှုကို ဆန့်ကျင်တဲ့စစ်ပွဲမှာ တိုက်ရိုက်ပိုမိုပါဝင် ပတ်သက်လာမှာ ဖြစ်ပါတယ်။
▪️ ဒါပေမဲ့ မဟာမိတ်အဖွဲ့ကြီးရဲ့ အဓိကအင်အားကြီး နိုင်ငံဖြစ်သလို ယူကရိန်းကို လက်နက်များ အဓိကထောက်ပံ့နေတဲ့ အမေရိကန်ဟာ ထရမ့်လက်ထက်မှာ ထောက်ပံ့မှုတွေ လျှော့ချလာနိုင်တာကြောင့် နေတိုးလွှဲပြောင်းရယူရေးက သိပ်ပြီးထူးခြားလှမှာ မဟုတ်ဘူးလို့ သံတမန်တွေ လက်ခံထားပါတယ်။
▪️ ဇန်နဝါရီလမှာ သမ္မတတာဝန် စတင်ထမ်းဆောင်မယ့်ထရမ့်က ယူကရိန်းစစ်ပွဲကို မြန်မြန်ဆန်ဆန် အဆုံးသတ်ချင်တယ်လို့ ပြောထားပေမယ့် ဘယ်လိုဦးတည်ဆောင်ရွက်မလဲ ဆိုတာတော့ မပြောထားသလို ယူကရိန်းထံသို့ အမေရိကန်မှ ဘဏ္ဍာရေးနဲ့ စစ်ရေးအကူအညီများ ထောက်ပံ့မှု အတိုင်းအတာကိုလည်း ကာလကြာရှည် ဝေဖန်ထားပါတယ်။
▪️ ယူကရိန်းမစ်ရှင်အသစ်ဆိုင်ရာ နေတိုးဌာနချုပ်ဖြစ်တဲ့ ယူကရိန်းဆိုင်ရာ နေတိုးလုံခြုံရေး အကူအညီနှင့် လေ့ကျင့်ရေး(NSATU)ဟာ ဂျာမနီ ဝစ္စဘာဒင်မြို့ရှိ အမေရိကန်စစ်စခန်းတစ်ခုဖြစ်တဲ့ ကလေဘားရက်ခ်မှာ တည်ရှိပါတယ်။
▪️ ယူကရိန်းမစ်ရှင်ကို အမေရိကန်နဲ့ နိုင်ငံတကာအဖွဲ့အစည်းများမှ စတင်တာဝန်ယူနေပြီလို့ နေတိုးစစ်ရေးဌာနချုပ် SHAPEက ပြောပါတယ်။
▪️ NSATUရဲ့တာဝန်က ယူကရိန်းကို အင်ပြည့်အားပြည့် ဖြစ်နေအောင် ထားဖို့ဖြစ်ပြီး နေတိုးအနေနဲ့ ဥရောပနဲ့ မြောက်အမေရိကတို့မှ လူဦးရေ ၁ ဘီလီယံရဲ့ လုံခြုံမှုနဲ့ ပေါများကြွယ်ဝမှုတို့ကို ထိန်းသိမ်းကာကွယ်နိုင်ရန် ဖြစ်တယ်လို့ အမေရိကန်ဗိုလ်ချုပ်ကြီး ခရစ္စတိုဖာဂျီကေဗိုလီက ပြောသွားပါတယ်။
▪️ ထရမ့်ဟာ ပထမအကြိမ်သမ္မတဖြစ်စဉ်က နေတိုးကနေ နုတ်ထွက်ရန် ခြိမ်းခြောက်ခဲ့ပြီး မဟာမိတ်နိုင်ငံများအနေနဲ့ တိုင်းပြည် GDPရဲ့ ၃ ရာခိုင်နှုန်းကို စစ်တပ်အတွက်အသုံးပြုဖို့ တောင်းဆိုခဲ့ပါတယ်။
#Source: Reuters