၁၇ ဒီဇင်ဘာ ၂၀၂၄

ရုရှားနိုင်ငံ မော်စကိုမြို့တော်မှာ လျှပ်စစ်စကူတာဆိုင်ကယ်ထဲ ဖွက်ထားတဲ့ ဗုံးတစ်လုံး အင်္ဂါနေ့ ဒီဇင်ဘာ ၁၇ ရက်နေ့က ပေါက်ကွဲတဲ့   အတွက် နျူကလီးယားကာကွယ်ရေးတပ်ဖွဲ့အကြီးအကဲ ရုရှားဒုတိယ   ဗိုလ်ချုပ်ကြီး  အီဂေါကီရီလော့ဗ် သေဆုံးသွားခဲ့ရပါတယ်။

ရုရှားနိုင်ငံ နျူကလီးယား၊ ဇီဝနှင့်ဓာတုလက်နက်များကာကွယ်ရေးတပ်ဖွဲ့ရဲ့ အကြီးအကဲဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး အီဂေါကီရီလော့ဗ်ဟာ  ကရင်မလင်ရဲ့ အရှေ့တောင်ဘက် လေးမိုင်လောက်သာဝေးတဲ့  ရာဇန်စကီပရော့ပက် လူနေအဆောက်အဦရဲ့ အပြင်ဘက်မှာ အဆိုပါဗုံးကြောင့် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

သူနှင့်အတူ သူ့လက်ထောက်ပါသေဆုံးသွားတယ်လို့ စုံစမ်းစစ်ဆေးရေးကော်မတီက ထုတ်ဖော် ပြော ကြားပါတယ်။

ရုရှားရဲ့ အဆိုပါတပ်ဖွဲ့ဟာ RKhBZ လို့သိကြပြီး ရေဒီယိုဓာတ်သတ္တိကြွံနေချိန်၊ ဓာတုနှင့် ဇီဝဆိုင်ရာ ညစ်ညမ်းမှုတွေဖြစ်နေချိန်မှာ အလုပ်လုပ်ကြရတဲ့ အထူးတပ်ဖွဲ့တစ်ခုဖြစ်ပါတယ်။

ယူကရိန်းနိုင်ငံ တရားစွဲရှေ့နေတွေက ကီရီလော့ဗ်ကို ယူကရိန်းကိုတိုက်ခိုက်ရာမှာ တားမြစ်ထားတဲ့ ဓာတုလက်နက်တွေအသုံးပြုတယ်လို့ စွပ်စွဲကာ တနင်္လာနေ့ (ဒီဇင်ဘာ ၁၆ )ရက်က မျက်ကွယ်တွင် တရားစွဲခဲ့ပါတယ်။ရုရှားက အဆိုပါစွပ်စွဲချက်ကိုပယ်ချပစ်ခဲ့ပါတယ်။

Source Reuters