#World_News
Published 17 December 2024
▪️ တနင်္လာနေ့က အမေရိကန် ဝစ္စကွန်ဆင်ကျောင်း အတန်းတစ်ခုမှာ အသက်(၁၅)နှစ်အရွယ် မိန်းကလေးတစ်ဦးက သေနတ်ပစ်ခတ်ခဲ့တာကြောင့် အတန်းသားတစ်ဦးနဲ့ ဆရာတစ်ဦး သေဆုံးခဲ့ကာ (၆)ဦးဒဏ်ရာရရှိခဲ့ပြီး သူ့ကိုယ်သူ သတ်သေသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
▪️ ယခုနောက်ဆုံး စာသင်ကျောင်း သေနတ်ပစ်ခတ်မှုဖြစ်ရပ်ဟာ မက်ဒီဆန်မြို့က Abundant Life Christian School ပုဂ္ဂလိကကျောင်းမှာ ဖြစ်ခဲ့ပြီး မူကြိုကနေ (၁၂)တန်းအထိ ကျောင်းသား (၄၀၀)ခန့်ကို ပညာသင်ပေးနေတဲ့ကျောင်း ဖြစ်ပါတယ်။
▪️ ဒဏ်ရာရသူတွေထဲက ကျောင်းသား(၂)ယောက်ဟာ အသက်အန္တရာယ် ခြိမ်းခြောက်ဖွယ်ရှိတဲ့ ဒဏ်ရာမျိုး ရရှိထားပြီး ဆရာတစ်ဦးနဲ့ ကျောင်းသား(၃)ဦးကတော့ အသက်ရှင်နိုင်ဖွယ် ရှိတယ်လို့ မက်ဒီဆန်ရဲမှူးချုပ် ရွှန်ဘားနက်စ်က မီဒီယာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
▪️ သေနတ်ပစ်ခတ်သူက နာတယ်လီရပ်နိုးလို့ သိရပြီး ဆာမန်သာလို့လည်း ခေါ်တယ်လို့ သိရပါတယ်။
▪️ မိန်းကလေးတစ်ယောက်က ကျောင်းမှာပစ်ခတ်တဲ့ ဖြစ်ရပ်ဟာ အလွန်ရှားပါးပြီး အမေရိကန်မှာ (၃)ရာခိုင်နှုန်းသာ ရှိပါတယ်။
▪️ ဒီလိုလုပ်ရတဲ့ အကြောင်းအရင်းကို မသိရှိရသေးသလို ထိုမိန်းကလေးရဲ့ မိသားစုကလည်း စုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်းပါဝင်နေပါတယ်။
▪️ ဒုတိယတန်းမှ အသက် (၇)နှစ်-(၈)နှစ်အရွယ် ကလေးတစ်ယောက်က ၉၁၁ ကို ခေါ်ဆိုတိုင်ကြားခဲ့တာ ဖြစ်ပါတယ်။
▪️ အမေရိကန်မှာ ယခုနှစ်အတွင်း စာသင်ကျောင်းအတွင်း သေနတ်ပစ်ခတ်မှု (၃၂၂)ကြိမ်ဖြစ်ပွားခဲ့ကာ ယမန်နှစ်က (၃၄၉)ကြိမ်ပြီးရင် ဒုတိယအများဆုံးနှစ် ဖြစ်နေပါတယ်။
▪️ သေနတ်အကြမ်းဖက်မှုတွေ ကာကွယ်ဖို့အတွက် ဒီထက်ပိုကောင်းအောင် လုပ်ဖို့လိုနေတယ်လို့ မက်ဒီဆန်မြို့တော်ဝန် ဆာတီယာရုတ်ဒ်ကွန်ဝေးက ပြောပါတယ်။
▪️ သေနတ်ပစ်သူက စတင်ပစ်ခတ်ချိန်မှာ ကျောင်းသားတွေဟာ စာသင်ခန်းတွေထဲမှာ တံခါးပိတ်နေခဲ့ကြပြီး ကောင်းစွာထိန်းချုပ် နေနိုင်ခဲ့ကြကာ နောက်ပိုင်းမှာတော့ အသက်ရှင်ကျန်ရစ်သူတွေအားလုံး မိဘတွေနဲ့ ပြန်လည်စုံစည်းခဲ့ကြပါတယ်။
#Source: Reuters