Published 15 Nov 2021

တောင်ကိုရီးယား ယဉ်ကျေးမှု၊အားကစားနှင့် ခရီးသွားဝန်ကြီးဌာနနှင့်  နိုင်ငံတကာယဉ်ကျေးမှုဖလှယ်ရေးကိုရီးယားဖောင် ဒေးရှင်း တို့ ပူးတွဲကျင်းပတဲ့ ၂၀၂၁ ကမ္ဘာ့ K-pop ပွဲတော်ကို နိုဝင်ဘာ ၁၅ရက်က ဖွင့်လှစ်လိုက်ပါတယ်။

ဂိုရန်းမြို့ မှာရှိတဲ့ ကိုးရီးယားနိုင်ငံတကာပြပွဲစင်တာရဲ့ တေးဂီတဖျော်ဖြေပွဲကျင်းပရာခန်းမထဲမှာ ပရိသတ် သုံထောင်ခန့် တက်ရောက်အားပေးကြပါတယ်။ပရိသတ်ပေါင်း တစ်သိန်းခွဲခန့်ကတော့ ဖျော်ဖြေပွဲကို အွန်လိုင်းကနေ ကြည့်ရှုခဲ့ကြပါတယ်။

အဲဒီပွဲတော်မှာ K-pop အဖွဲ့တွေ ဖျော်ဖြေပုံတွေကို အထူးရုပ်သံတင်ဆက်ပေးလိုက်ပါတယ်။

Source AFP