#World_Science
Published 07 April 2025
▪️ နာဆာရဲ့ Curiosity အာကာသယာဉ်ဟာ မားစ်ဂြိုဟ်(အင်္ဂါဂြိုဟ်)ပေါ်မှာ အရှည်လျားဆုံး ကာဗွန်ဆက်တန်းကို တွေ့ရှိခဲ့ပါတယ်။
▪️ ဒီမော်လီကျူးတွေကို လွန်ခဲ့တဲ့နှစ်ပေါင်း ဘီလီယံခန့်က ရေကန်လို့ယူဆရတဲ့ ဂေးလ်ခရိတ်တာမှာ တွေ့ရှိခဲ့တာဖြစ်ပြီး ကာဗွန်အက်တမ် ၁၂ ခုအထိ ပါဝင်ပါတယ်။
▪️ သိပ္ပံပညာရှင် ကယ်ရိုလိုင်းဖရိုက်ဆနက်ဦးဆောင်တဲ့ နိုင်ငံတကာအဖွဲ့က ဓာတ်ခွဲခန်းအထူးစမ်းသပ်မှုများဖြင့် လေ့လာခဲ့ပါတယ်။
▪️ Cumberlandလို့ခေါ်တဲ့ ရွှံ့ကျောက်ထည်ကြီးကို အာကာသယာဉ် ထိုးဖောက်ခဲ့ပြီး မော်လီကျူးတွေကို မြင့်မားတဲ့အပူချိန်မှာ အပူပေးကာ ဆန်းစစ်ခဲ့ကြပါတယ်။
▪️ တွေ့ရှိခဲ့တဲ့ decane, undecane, dodecane မော်လီကျူးတွေဟာ ယခင် မားစ်ဂြိုဟ်မှာ တွေ့ရှိခဲ့တဲ့ ကာဗွန်ဆက်တန်းတွေထက် ပိုရှည်လျားပါတယ်။
▪️ သက်ရှိမပါဝင်ဘဲ ဖြစ်ပေါ်နိုင်ကြကာ ကမ္ဘာပေါ်က ဇီဝဖြစ်ပျက်မှုတွေမှာလည်း တွေ့ရတတ်တာကြောင့် ရှေးခေတ်သက်ရှိတွေရဲ့ အရိပ်အမြွက်တွေ ဖြစ်နိုင်တဲ့သဘော ရှိနေပါတယ်။
▪️ Curiosity ရဲ့မစ်ရှင်က ယခင်သက်ရှိတွေရဲ့ လက္ခဏာတွေကို ရှာဖွေရန်ဖြစ်ပြီး မားစ်ဂြိုဟ်ဟာ အရင်တုန်းက သက်ရှိတွေရှိနေခဲ့တဲ့ အခြေအနေမျိုး ရှိနိုင်တယ်လို့ ယူဆနေကြပါတယ်။
▪️ အဆိုပါ မော်လီကျူးတွေဟာ ဖြစ်ပေါ်ပြီးနောက် နှစ်ပေါင်း ၃.၇ ဘီလီယံကြာတဲ့အထိ မားစ်ဂြိုဟ်မျက်နှာပြင်မှာ ရှိနေဆဲဖြစ်ကြောင်း၊ ထိုစဉ်က သက်ရှိတွေရှိခဲ့ရင် အဆိုပါရှေးခေတ်သက်ရှိတွေရဲ့ ဓာတုလက္ခဏာတွေ ရှာဖွေနိုင်မှာဖြစ်ကြောင်း ကယ်ရိုလိုင်းဖရိုက်ဆနက်က ပြောသွားပါတယ်။
#Source: WION