#World_Health
Published 06 April 2025
▪️ သုတ်ပိုးအရည်အသွေး မြင့်မားတဲ့ယောက်ျားတွေဟာ အရည်အသွေး နိမ့်ပါးသူတွေထက် သက်တမ်း ၃ နှစ်နီးပါးလောက် ပိုပြီးအသက်ရှည်နိုင်တယ်လို့ သုတေသနအသစ်မှာ ယူဆထားပါတယ်။
▪️ သုတ်ရည်အရည်အသွေး နည်းပါးလေ ပျမ်းမျှနေထိုင်သက်တမ်း တိုတောင်းလေဖြစ်ကြောင်း ကိုပင်ဟေဂင်တက္ကသိုလ်ဆေးရုံမှ အကြီးတန်းသုတေသီ လာ့ခ်ပရစ္စကွန်က ပြောပါတယ်။
▪️ ယောက်ျားပေါင်း ၈ သောင်းနီးပါးကို နှစ် ၅၀ အထိတိုင်အောင် စောင့်ကြည့်ခဲ့ကြပါတယ်။
▪️ ထိုကာလအတွင်း ၈,၆၀၀ သေဆုံးသွားပြီး တစ်ခါထုတ်လျှင် သွက်လက်လှုပ်ရှားတဲ့ သုတ်ပိုးပေါင်းသန်း ၁၂၀ ကျော်ထုတ်နိုင်တဲ့ ယောက်ျားတွေက ၅ သန်းလောက်သာ ထုတ်နိုင်သူတွေထက် အသက် ၂-၃ နှစ်လောက် ပိုပြီးအသက်ရှည်တာကို တွေ့ခဲ့ကြပါတယ်။
▪️ သုတ်ပိုးအရည်အသွေးမြင့်သူတွေက ပျမ်းမျှအားဖြင့် ၈၀.၃ နှစ်နဲ့ အရည်အသွေးအနည်းဆုံး ယောက်ျားတွေကတော့ ၇၇.၆ နှစ်ရှိပါတယ်။
▪️ သုတ်ပိုးအရည်အသွေးနိမ့်ခြင်းက မျိုးပွားနိုင်စွမ်းနဲ့ အလုံးစုံကျန်းမာရေးအပြင် ကျန်းမာရေးပြဿနာအခံများကိုလည်း ညွန်ပြနေပါတယ်။
▪️ သုတ်ပိုးအရည်အသွေးနဲ့ ယောက်ျားတွေရဲ့ ကျန်းမာရေးတို့ကြား ဆက်စပ်ပုံကို ပိုမိုသိရှိရန် ကြိုးစားနေတယ်လို့ ကိုပင်ဟေဂင်တက္ကသိုလ်ဆေးရုံမှ ဆီးလမ်းကြောင်းနှင့် လိင်အင်္ဂါအထူးကု ဒေါက်တာ နီယယ်ယော်ဂင်ဆင်က ပြောပါတယ်။
▪️ အခုဆိုရင် သုတေသီတွေက သုတ်ပိုးအရည်အသွေး နိမ့်ပါးခြင်းနဲ့ စောစီးစွာ ဆုံးပါးခြင်းတို့ကြား ဆက်စပ်မှုရှိနိုင်လားဆိုတာကို လေ့လာဖို့ရည်ရွယ်နေပါတယ်။
▪️ သုတ်ပိုးတွေက အမျိုးသားတွေရဲ့ ကျန်းမာရေးမှာ စောစီးစွာ ဘေးအန္တရာယ်ပြနိုင်မလားဆိုတာ သိချင်လာကြပါတယ်။
▪️ ဒီအတွက် ဓာတ်တိုးဖိစီးခြင်းက အဓိကပါဝင်ပတ်သက်လာနိုင်ပြီး မတည်ငြိမ်တဲ့ မော်လီကျူးများနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကြား မညီမျှတဲ့ အခြေအနေဖြစ်ပါတယ်။
▪️ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်တဲ့ အစားအစားများ စားသုံးပြီး စိတ်ဖိစီးမှုတွေကို ထိန်းသိမ်းလျှော့ချခြင်း၊ နေရောင်တိုက်ရိုက်ထိတွေ့မှု လျှော့ချခြင်း၊ အရက်အလွန်အကျွံသောက်ခြင်းမှ ရှောင်ရှားခြင်းတို့ ပြုလုပ်သင့်ပါတယ်။
#Source: New York Post