#World_Health
Published 06 April 2025
▪️ အမေရိကန်မှာ နှစ်စဉ် လူပေါင်း ၅ သောင်းနီးပါးရဲ့အသက်ကို ကိုလက်စ်ထရောလ်ကျစေတဲ့ ပေါင်းစပ်ဆေးများဖြင့် ကယ်တင်နိုင်လိမ့်မယ်လို့ သုတေသနအသစ်မှာ ခန့်မှန်းဖော်ပြထားပါတယ်။
▪️ ပေါင်းစပ်ပြီးပေးတဲ့ ကုသနည်းက ဘေးကင်းပြီး ထိရောက်မှုရှိတယ်လို့ ပိုလန်နိုင်ငံ ဂျွန်ပေါလ်-၂ ကက်သလစ်တက္ကသိုလ်မှ နှလုံးဗေဒပရော်ဖက်ဆာ မာချက်ဘာနက်ချ်က ပြောပါတယ်။
▪️ ကိုလက်စ်ထရောလ်များလာရင် သွေးကြောတွေထဲမှာ အနည်များပုံလာပြီး သွေးစီးဆင်းမှုကျဉ်းစေကာ လေဖြတ်ခြင်း၊ နှလုံးဖောက်ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။
▪️ ကိုလက်စ်ထရောလ်ချပေးတဲ့ Statinsဆေးတွေနဲ့ Ezetimibeဆေးတို့ကို ပေါင်းစပ်ပေးတဲ့အခါ စောစီးစွာ သေဆုံးနိုင်ခြေကို ၁၉ ရာခိုင်နှုန်း၊ နှလုံးသွေးကြောဖြစ်နိုင်ခြေ ၁၈ ရာခိုင်နှုန်း၊ လေဖြတ်ခြင်းဖြစ်နိုင်ခြေ ၁၇ ရာခိုင်နှုန်း အသီးသီး လျော့နည်းစေတယ်လို့ ဘာနက်ချ်က အကြံပြုထားပါတယ်။
▪️ ယင်းတို့အဖွဲ့က သွေးကြောကျဉ်းလူနာ ၁၀၈,၀၀၀ ကျော်အပါအဝင် လေ့လာချက် ၁၄ ခုကို ဆန်းစစ်ပြီးနောက် ယခုလို ဆေး ၂ မျိုးပေါင်းစပ်ခြင်းဟာ ရောဂါအန္တရာယ်များတဲ့သူတွေအတွက် ရွှေစံနှုန်းဖြစ်သင့်တယ်လို့ သုတေသနပြုစုသူ ပီတာတော့သ်က ပြောပါတယ်။
▪️ ကမ္ဘာတဝှမ်းမှာ နှစ်စဉ် နှလုံးသွေးကြောရောဂါကြောင့် လူသန်း ၂၀ ခန့်သေဆုံးနေပြီး သွေးတိုး၊ ဆေးလိပ်၊ အဝလွန်ခြင်း၊ မလှုပ်ရှားနိုင်ခြင်း၊ ဆီးချို၊ ကိုလက်စ်ထရောလ်တက်ခြင်းတို့ အဖြစ်များလာပါတယ်။
▪️ Statinsက အသည်းကနေ ကိုလက်စ်ထရောလ် ထုတ်လုပ်ခြင်းကို လျှော့ချကာ Ezetimibe ကတော့ အူသိမ်ကနေ ကိုလက်စ်ထရောလ် မစုပ်ယူအောင် တားဆီးပေးပါတယ်။
▪️ နော့သ်ရှိုးတက္ကသိုလ်ဆေးရုံမှ ဒေါက်တာ ဘင်ဂျမင်ဟာ့ရှ်က ဆေးပေါင်းစပ်နည်းလမ်းကို စံနှုန်းသစ်တစ်ခုအနေနဲ့ သတ်မှတ်ဖို့ မျှော်လင့်နေပါတယ်။
#Source: New York Post