#World_Health
Published 07 April 2025
▪️ မျက်နှာပေါ် ရေခဲတုံးကပ်ခြင်းရဲ့ အကျိုးအာနိသင်များကို အလှအပပညာရှင်များနဲ့ အရေပြားဆရာဝန်များ ချင့်ချိန်စဉ်းစားလာကြပါတယ်။
▪️ ဒီနည်းလမ်းက မျက်နှာဖောင်းအစ်တာကို လျှော့ချခြင်း၊ ရောင်ရမ်းမှု သက်သာစေခြင်း၊ ချွေးပေါက်ကျဉ်းခြင်းတို့ကို ထိရောက်သက်သာစွာ ပေးစွမ်းနိုင်ပါတယ်။
▪️ ဒါပေမဲ့ မျက်နှာပေါ်ကို ရေခဲတုံးဖြင့်ပွတ်ခြင်းက တကယ်အလုပ်ဖြစ်ပြီး အရေပြားအမျိုးအစား အားလုံးအတွက် ဘေးကင်းရဲ့လားဆိုတာ မေးစရာရှိလာပါတယ်။
▪️ ဦးစွာ မျက်နှာပေါ်ရေခဲကပ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို ဖော်ပြလိုက်ပါတယ်။
(၁) ဖောင်းအစ်ခြင်းနဲ့ မျက်လုံးအောက်ဖောင်းခြင်းကို လျှော့ချခြင်း
▪️ ရေခဲက သွေးကြောကိုကျုံ့စေကာ ဖောရောင်ခြင်းနဲ့ အရည်စုပြုံမှုကို လျှော့ချပေးသဖြင့် မျက်ကွင်းညိုတာတွေ ဖောင်းအစ်တာတွေကို လျှော့ချနိုင်ပါတယ်။
(၂) ချွေးပေါက်ကျဉ်းစေခြင်း
▪️ အေးမြတဲ့အပူချိန်ကြောင့် ချွေးပေါက်များကျုံ့စေကာ အညစ်အကြေးနဲ့ အဆီပိုများ စုပြုံခြင်းကို ကာကွယ်ပေးတာကြောင့် ဝက်ခြံဖြစ်ခြင်းကို လျော့နည်းစေပြီး အရေပြားကြည်လင်စေပါတယ်။
(၃) ရောင်ရမ်းခြင်းနဲ့ နီမြန်းခြင်းကို သက်သာစေခြင်း
▪️ နေလောင်ခြင်း၊ နီမြန်ခြင်း၊ ယားယံခြင်းတို့ကို ရေခဲက သက်သာစေပြီး အထိမခံတဲ့ အသားအရေအတွက် သင့်လျော်ပါတယ်။
(၄) သွေးလည်ပတ်မှုကောင်းစေခြင်း
▪️ သွေးစီးဆင်းမှုကို ကောင်းစေသဖြင့် အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေ ထောက်ပံ့ပေးပြီး အရေပြား ဝင်းပစေပါတယ်။
(၅) မိတ်ကပ်လိမ်းရန်ပြင်ဆင်ပေးခြင်း
▪️ မိတ်ကပ်မလိမ်းခင် ရေခဲတုံးကပ်ပေးရင် အောက်ခံသားချောမွေ့စေပြီး မိတ်ကပ်ကြာကြာ ခံစေပါတယ်။
(၆) ဝက်ခြံနှင့်ဆက်စပ်မှုများလျှော့ချခြင်း
▪️ ဝက်ခြံကြောင့်ဖြစ်တဲ့ ဖောရောင်ခြင်းနဲ့ နီမြန်းခြင်းတို့ကို ရေခဲကလျှော့ချပေးပြီး အဆီထုတ်လုပ်မှုကိုနှေးစေကာ နောက်ထပ်ဖြစ်ပွားခြင်းကို ကာကွယ်ပေးပါတယ်။
▪️ ရေခဲက အကျိုးကျေးဇူးများစွာ ပေးနိုင်သလို ဘေးထွက်ဆိုးကျိုးများအနေနဲ့ သွေးကြောမျှင်ငယ်များ ထိခိုက်ခြင်း၊ ရေခဲကိုက်ခြင်း၊ ခြောက်သွေ့လွန်းသော အရေပြားအတွက် မသင့်လျော်ခြင်း၊ မျက်နှာနီမြန်းခြင်းကို ပိုမိုဆိုးရွားစေခြင်းတို့ ဖြစ်နိုင်ပါတယ်။
#Source: DoctorNDTV