#World_Health
Published 20 December 2024
▪️ အပြေးလေ့ကျင့်ခန်းက ကျန်းမာရေးမြှင့်တင်ပေးနိုင်ပြီး အဝလွန်ခြင်း၊ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ၊ စိတ်ကျန်းမာရေးစတဲ့ ပြဿနာများ ဖြစ်နိုင်ခြေလျော့နည်းစေပါတယ်။
▪️ ဒါပေမဲ့ ပြေးခြင်းရဲ့ အကျိုးကျေးဇူးကို အများဆုံးရရှိစေဖို့ ဘေးအန္တရာယ်များ မဖြစ်စေဖို့အတွက် ဟိုက်ဒရာဘက် အပိုလိုဆေးရုံမှ အာရုံကြောအထူးကု ဒေါက်တာဆူဒီယာကူမာက Xဆိုရှယ်မီဒီယာမှာ အကြံပြုသွားပါတယ်။
▪️ အပြေးပြုလုပ်ချိန်ရဲ့ ၇၅-၈၀ ရာခိုင်နှုန်းမှာ ဇုန်-၂ လို့ခေါ်တဲ့ ခပ်ဖွဖွပြေးခြင်းပြုလုပ်သင့်တယ်လို့ အကြံပြုထားပါတယ်။
▪️ ထိုအချိန်မှာ နှလုံးခုန်နှုန်းက အများဆုံးနှုန်းရဲ့ ၆၀-၇၀ ရာခိုင်နှုန်း ရှိနေသင့်ပါတယ်။
▪️ ထိုနှုန်းထားဖြင့်ပြေးခြင်းက ခန္ဓာကိုယ်ကို သိပ်ပြီးဝန်မပိစေဘဲ သက်လုံကောင်းစေပါတယ်။
▪️ အားထည့်ပြေးခြင်းက ကောင်းမွန်တဲ့ လေ့ကျင့်ခန်းဖြစ်ပေမယ့် အလွန်အကျွံအားစိုက်ခြင်း မဖြစ်ရအောင် တစ်ပတ်မှ တစ်ခါလောက်သာ ပြုလုပ်သင့်ပါတယ်။
▪️ ကျန်းမာရေး အကျိုးကျေးဇူးများများ ရရန်အတွက် တစ်ပတ်ကို ၂၅-၅၀ ကီလိုမီတာ ပြေးသင့်ပါတယ်။
▪️ တစ်ပတ်မှာ တစ်ရက်လောက် အနားယူဖို့က ခန္ဓာကိုယ်ပြန်လည်သက်သာစေပါတယ်။
▪️ ခံနိုင်ရည်ရှိပြီး ဒဏ်ရာဖြစ်မှုလျော့နည်းစေရန် ခွန်အားလေ့ကျင့်ခန်းများလည်း ထည့်သွင်းပြုလုပ်သင့်ပါတယ်။
▪️ အပြေးအားကစားသမား မဟုတ်တဲ့သူတွေအတွက်တော့ မလုပ်ဖူးတဲ့ ပမာဏအထိ သတ်မှတ်မပြုလုပ်မိဖို့ကို သတိပေးလိုက်ပါတယ်။
▪️ တစ်နေ့ကို အိပ်ချိန် ၇-၉ နာရီ လုံလောက်စွာအိပ်စက်ဖို့ အရေးပါပြီး အိပ်ရေးပျက်ခြင်းကြောင့် ဘေးအန္တရာယ်တွေက ပြေးခြင်းရဲ့ အကျိုးကျေးဇူးထက် ပိုများနေပါတယ်။
▪️ အာဟာရမျှတစွာ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးဖို့ကလည်း အရေးပါပါတယ်။
▪️ ရာသီဥတု၊ ပြေးလွှားခြင်းအခြေအနေတို့ကြား ရေဓာတ်ပြည့်ဝစွာ နေဖို့ကလည်း အရေးပါပါတယ်။
▪️ သာမန်အားဖြင့် ၁၀ ကီလိုမီတာလောက်အထိ ပြေးသင့်ပြီး အကွာအဝေးများများ ပြေးမယ်ဆိုပါက နှလုံးပြဿနာမဖြစ်အောင် ပုံမှန်လေ့ကျင့်ထားသင့်ပါတယ်။
▪️ ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို စောစီးစွာ သိရှိပြီး ကုသနိုင်ဖို့အတွက် နှစ်စဉ်ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်သင့်တယ်လို့ အကြံပြုပါတယ်။
#Source: India Today