#World_Health
Published 20 December 2024


▪️ ကမ္ဘာတဝှမ်းမှာ အမျိုးသားများကြား စိတ်ကျန်းမာရေးပြဿနာ အဖြစ်များလာပြီး ဖိစီးမှုကြောင့်ဖြစ်လာတဲ့ ကျန်းမာရေး ပြဿနာများကြောင့် သတ်သေခြင်းနဲ့ ရုတ်တရက်သေဆုံးမှုများ ဖြစ်လာကြပါတယ်။

▪️ အမျိုးသားတွေက စိတ်ကျန်းမာရေးကို လျစ်လျူရှုထားတတ်ကြကာ အရေးမပါဘူးလို့ ထင်တတ်ကြပါတယ်။

▪️ ဒါကြောင့်ပဲ နာတာရှည် ဖိစီးမှု၊ စိတ်ဓာတ်ကျခြင်း၊ ရောဂါလက္ခဏာများ ဖြစ်လာပါတယ်။

▪️ အမျိုးသားများအပြင် လူတိုင်းအတွက် စိတ်ကျန်းမာရေးက အရေးပါပြီး ဆက်ဆံရေး၊ လုပ်ကိုင်နိုင်စွမ်း၊ အလုံးစုံကျန်းမာရေးတို့မှာ သက်ရောက်နေပါတယ်။

▪️ ဒါကြောင့် စိတ်ကျန်းမာရေး တိုးတက်စေမယ့် နည်းလမ်းတွေကို ဖော်ပြသွားမှာဖြစ်ပါတယ်။

စိတ်ကျန်းမာရေးတိုးတက်စေနိုင်မယ့် အစားအစာတွေကတော့..

▪️ (၁) အိုမီဂါ-၃ဖက်တီးအက်ဆစ်များ - ဆယ်လ်မွန်၊ သစ်ကြားသီး၊ လျှော်စေ့တို့မှာ ပါဝင်တဲ့ အိုမီဂါ-၃ဖက်တီးအက်ဆစ်က ဦးနှောက်ကျန်းမာရေးကို မြှင့်တင်ပေးပါတယ်။

▪️ (၂) ပရိုဘိုင်အိုတစ် - ဒိန်ချဉ်၊ ကင်ချီ၊ အချဉ်ဖောက်သော အစားအစာများက အူလမ်းကြောင်း ကျန်းမာရေးကောင်းမွန်စေကာ စိတ်အခြေအနေ ထိန်းညှိပေးပါတယ်။

▪️ (၃) သွေးတွင်းသကြားဓာတ်ထိန်းညှိခြင်း - ထမင်းတစ်နပ်မစားဘဲနေတာမျိုး ရှောင်ရှားသင့်ပြီး ပြောင်းဂျုံများ၊ ပဲအမျိုးမျိုးတို့လိုမျိုး ကာဗိုဟိုက်ဒရိတ်အုပ်စုကို စားသုံးခြင်းဖြင့် သွေးတွင်းသကြားဓာတ် ထိန်းနိုင်ပါတယ်။

▪️ (၄) မဂ္ဂနီဆီယံကြွယ်ဝသောအစားအစာ - ဟင်းနုနွယ်၊ ဗာဒံစေ့၊ ထောပတ်သီးတို့မှာ မဂ္ဂနီဆီယံကြွယ်ဝပြီး ပူပန်စိတ်ကို လျှော့ချပေးပါတယ်။

▪️ (၅) ကဖင်းနဲ့သကြား လျှော့ချခြင်း - ကဖင်းဓာတ်နဲ့ အချိုများတဲ့ စားစရာတွေဟာ ပူပန်စိတ်ကို ပိုဆိုးစေပါတယ်။

▪️ (၆) ရေဓာတ်ထိန်းသိမ်းခြင်း - ရေဓာတ်ခန်းခြောက်ပါက အာရုံစူးစိုက်မှုနဲ့ စိတ်အခြေအနေကို ထိခိုက်စေပါတယ်။

▪️ (၇) ချောကလက်မည်းစားသုံးခြင်း - ချောကလက်မည်းက အင်ဒေါ်ဖင်းဟော်မုန်း ထွက်စေပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းလည်း ပါဝင်ပါတယ်။

▪️ (၈) စားသုံးမှုကိုသေချာစီစဉ်ခြင်း - စားသုံးမယ့် အစားအစာတွေကို စီစဉ်ချမှတ်ခြင်းဖြင့် အာဟာရဓာတ် မျှတစေသလို စိတ်ကျန်းမာရေး တည်ငြိမ်မှုပေးနိုင်ပါတယ်။

လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် စိတ်ကျန်းမာရေးကို ဘယ်လိုတိုးတက်စေနိုင်သလဲဆိုတော့..

▪️ (၁) နှလုံးသွေးကြောလှုပ်ရှားမှု - ပြေးခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်းတို့က ခံစားမှုကောင်းစေတဲ့ အင်ဒေါ်ဖင်းဟော်မုန်း ထွက်စေကာ ဖိစီးမှုနဲ့ ပူပန်စိတ် ပြေလျော့စေပါတယ်။

▪️ (၂) ခွန်အားလေ့ကျင့်ခန်းပြုလုပ်ခြင်း - အလေးမခြင်းလိုမျိုး လေ့ကျင့်ခန်းတွေက ရုပ်ပိုင်းဆိုင်ရာ အတွက်သာမက ယုံကြည်မှုတိုးစေပြီး စိတ်ကျလက္ခဏာများ လျော့ကျစေပါတယ်။

▪️ (၃) ယောဂနှင့်တရားထိုင်ခြင်း - ယောဂရော တရားထိုင်ခြင်းရောက စိတ်တည်ငြိမ်စေပြီး စိတ်ခံစားချက် ထိန်းညှိပေးပါတယ်။

▪️ (၄) အိမ်အပြင်ဘက်လှုပ်ရှားခြင်း - သဘာဝပတ်ဝန်းကျင်မှာ လမ်းလျှောက်ခြင်း တောင်တက်ခြင်းတို့က စိတ်အခြေအနေ တိုးတက်စေပါတယ်။

▪️ (၅) အသက်ရှူလေ့ကျင့်ခန်း - အာရုံစိုက် အသက်ရှူခြင်းနည်းလမ်းဖြင့် စိတ်တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ပါတယ်။

▪️ (၆) အသင်းအားကစားလုပ်ခြင်း - ဘောလုံး၊ ဘတ်စ်ကတ်ဘောတို့လို အသင်းလိုက်ကစားရတဲ့ အားကစားတွေက ရုပ်ပိုင်းဆိုင်ရာအပြင် လူမှုဆက်ဆံရေးပါ တိုးတက်စေပါတယ်။

▪️ (၇) ပုံမှန်ကျင့်ကြံခြင်း - ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ပါက အိပ်စက်မှုကို ထိန်းညှိပေးကာ ဖိစီးမှုဒဏ်ကို ခံနိုင်ရည်ရှိစေပါတယ်။

▪️ (၈) ဝါသနာရှာဖွေခြင်း - ဥယျာဉ်ထိန်းသိမ်းခြင်း၊ ကခုန်ခြင်းစတဲ့ ကိုယ်လက်လှုပ်ရှားမှု ဝါသနာတွေက ဖိစီးမှုရဲ့ ထွက်ပေါက်ဖြစ်ကာ စိတ်ကျန်းမာရေးကို အထောက်အကူ ပြုပါတယ်။

▪️ စိတ်ကျန်းမာရေးတိုးတက်ဖို့ရာ အာဟာရမျှတတဲ့ အစားအစာအပြင် ပုံမှန်လေ့ကျင့်ခန်းနဲ့ မိသားစုထောက်ပံ့မှုတို့လည်း လိုအပ်ပါတယ်။

#Source: DoctorNDTV