#World_Health

Published 26 January 2025

▪️ ခါးနာခါးကိုက်ဝေဒနာ ခံစားနေရတယ်ဆိုရင် ကျောရိုးမကြီးအပေါ် ဖိအားမများစေတဲ့ပုံစံနဲ့ အိပ်စက်သင့်ပါတယ်။

▪️ ဒီလိုမှမဟုတ်ရင် ညအိပ်တဲ့အခါ လူးလိမ့်နေရမှာဖြစ်ပြီး အရေးပါတဲ့ နှစ်ခြိုက်စွာအိပ်စက်မှု လုံလုံလောက်လောက် မရပါက ကိုက်ခဲမှုကို ခံနိုင်ရည်ရှိမှာ မဟုတ်ပါဘူး။

▪️ အိပ်တဲ့အခါ ပုံစံမှန်မှန်ကန်ကန် အိပ်ပါမှ ခါးနာခြင်းသက်သာစေမယ်လို့ အရေးပေါ်ကုသရေး ဆရာဝန် ဒယ်ရီယန်ဆပ်တန်က ပြောပြပါတယ်။

▪️ ခါးနာခြင်းအတွက် အဆိုးရွားဆုံးအိပ်စက်ပုံက ဗိုက်မှောက်လျက်အိပ်တဲ့ပုံစံ ဖြစ်ပါတယ်။
ဗိုက်မှောက်အိပ်ခြင်းဖြင့် ကျောရိုးမရဲ့ သဘာဝပုံသဏ္ဍာန်ကို ပြားသွားစေပြီး ကြွက်သားတွေနဲ့ အဆစ်တွေမှာ မလိုလားအပ်တဲ့ ဖိအားသက်ရောက်စေတယ်လို့ ဆောက်သန်းကယ်လီဖိုးနီးယားတက္ကသိုလ်မှ အရိုးအထူးကု ဒေါက်တာရေမွန်ဂျေဟားက ပြောပါတယ်။

▪️ လည်ပင်းကို တစ်ဖက်သို့ စောင်းရတဲ့အတွက် ကျောအပေါ်ဘက်မှာ ပိုမိုကိုက်ခဲစေပါတယ်။
မျက်နှာကလည်း ခေါင်းအုံးပေါ်ပိနေတဲ့အတွက် အရေးကြောင်းတွေ၊ ဖောင်းအစ်တာတွေ ဖြစ်ပေါ်နိုင်ကြောင်း အလှအပပညာရှင် ရူပက်ရှ်ရှားက ဆိုပါတယ်။

▪️ အကောင်းဆုံး အိပ်စက်ပုံစံကတော့ ကျောကိုအောက်မှာထားပြီး လှဲအိပ်တာ ဖြစ်ပါတယ်။
ခေါင်းအုံးကို ဒူးအောက်နဲ့ လည်ပင်းအောက်တို့မှာ ထားပါက ကျောရိုးမနဲ့ တစ်တန်းတည်း ဖြစ်စေပါမယ်။

▪️ ဒါပေမဲ့ ဒီနည်းလမ်းက အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်းပြဿနာမျိုး ဖြစ်နိုင်ပြီး အသက်ရှူလမ်းကြောင်း ပိတ်ဆို့နိုင်ပါတယ်။

▪️ ဘေးတိုက်အိပ်ခြင်းကတော့ အသက်ရှူလမ်းကြောင်းပွင့်စေပြီး ခြေထောက်တန်းတန်းထားခြင်းက ခါးနာခြင်းအတွက် နောက်ထပ်အကောင်းဆုံးပုံစံ ဖြစ်ပါတယ်။

▪️ ဒူးကိုအပေါ်ထိမရောက်အောင် ခြေထောက်ကြားမှာ ခေါင်းအုံးထားခြင်းဖြင့် ကျောရိုးဖြောင့်တန်းစေမှာဖြစ်ပြီး ကျောရိုးအနှံ့ကို ဖိအားညီမျှစွာ ဖြန့်ပေးတာကြောင့် ကိုက်ခဲမှုသက်သာစေနိုင်ပါတယ်။

Source: New York Post