#World_Health
Published 26 January 2025
▪️ တန်ဇန်နီယာ အနောက်မြောက်ပိုင်း ကာဂယ်ရာဒေသမှာ မာဘတ်ဂ်ဗိုင်းရပ်စ်ရောဂါ (MVD)ကူးစက်ပျံ့ပွားနေတယ်လို့ WHOဖော်ပြထားပြီး ရောဂါကူးစက်သူ ၉ ဦးမှာ ၈ ဦးသေဆုံးထားပါတယ်။
▪️ ရောဂါစောင့်ကြည့်ရေးများ ပြုလုပ်နေပြီး လာမယ့်ရက်တွေမှာ ကူးစက်သူတွေ ထပ်မံတွေ့ရှိရနိုင်တယ်လို့ WHOညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တက်ဒရိုစ်အက်ဒါနွမ်ဂေဘရီယေဆပ်စ်က Xမှာဖော်ပြထားပါတယ်။
▪️ ကာဂယ်ရာက ကူးပြောင်းသွားလာရေး အချက်အခြာလို ဖြစ်နေပြီး ရဝမ်ဒါ၊ ယူဂန်ဒါ၊ ဘူရန်ဒီ၊ ကွန်ဂိုတို့လို အိမ်နီးချင်းနိုင်ငံတွေနဲ့ ထိစပ်နေတာကြောင့် ထိုဒေသမှာ မာဘတ်ဂ်ဗိုင်းရပ်စ်ပျံ့နှံ့နိုင်ခြေ များတယ်လို့ WHOက သုံးသပ်ထားပါတယ်။
▪️ မာဘတ်စ်ဗိုင်းရပ်စ်ရောဂါဟာ အီဘိုလာလိုမျိုး ကူးစက်နှုန်းမြင့် ဗိုင်းရပ်စ်အဖျားရောဂါမျိုး ဖြစ်ပြီး ရောဂါလက္ခဏာ ပြင်းထန်ကာ အသက်ဆုံးပါးမှုနှုန်း ၉၀ ရာခိုင်နှုန်းနီးပါးအထိ ရှိပါတယ်။
▪️ ဒီဗိုင်းရပ်စ်တွေက Rousettus aegyptiacusလို့ခေါ်တဲ့ သစ်သီးစားသုံးလင်းနို့တွေမှာ အစပြုပြီး ကူးစက်ပျံ့ပွားစေတာ ဖြစ်တယ်လို့ ယူဆထားပါတယ်။
▪️ ဒီဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ အချက်အလက်အပြည့်အစုံ မသိရသေးသလို ရောဂါတွေ့ရှိမှု နှောင့်နှေးခြင်း၊ သီးသန့်ခွဲထားရခြင်း၊ ခြေရာခံလိုက်ခြင်းတို့ပါ ပြုလုပ်နေရပြီး တိုင်းပြည်အဆင့်အထိ ကူးစက်မှုမြင့်မားနေတာ ဖြစ်ပါတယ်။
▪️ ပျံ့ပွားမှုထိန်းချုပ်ဖို့အတွက် ကျန်းမာရေးလုပ်သားများ အပါအဝင် ရောဂါကူးစက်သူများနဲ့ ထိတွေ့သူများကို ကျန်းမာရေးအာဏာပိုင်များ ရှာဖွေနေကြပါတယ်။
▪️ မာဘတ်ဂ်ဗိုင်းရပ်စ်က သွေး၊ တံတွေး၊ အချွဲလိုမျိုး ခန္ဓာကိုယ်အရည်တွေနဲ့ တိုက်ရိုက်ထိတွေ့မှုကနေ ကူးစက်နိုင်ပြီး လူနာနဲ့ဆက်ဆံတဲ့အခါ ကာကွယ်ရေးအတိုင်းအတာက အရေးကြီးပါတယ်။
▪️ အစောပိုင်းရောဂါလက္ခဏာတွေက ငှက်ဖျားလိုရောဂါတွေနဲ့ ဆင်တူပြီး မာဘတ်စ်ဗိုင်းရပ်စ်ကြောင့်လို့ သိရချိန်မှာ ကျန်းမာရေးဝန်ထမ်းတွေပါ ကူးစက်ထားနိုင်ပါတယ်။
▪️ ဗဟိုအာရုံကြောစနစ်ကို ထိခိုက်နိုင်ပြီး အပြင်းအထန် ဝမ်းလျှောခြင်း၊ အစာအိမ်အောင့်ခြင်း၊ မူးဝေအော့အန်ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။
▪️ လက်ရှိအချိန်မှာ ဒီအတွက် ကာကွယ်ဆေး၊ ကုသဆေး မရှိသေးဘဲ အစောပိုင်း ကြပ်မတ်ကုသပေးခြင်းဖြင့် အသက်အန္တရာယ်နဲ့ ရောဂါလက္ခဏာခံစားရမှု လျှော့ချနိုင်ပါတယ်။
#Source: The Jerusalem Post