#World_Science
Published 16 May 2025

▪️ အမေရိကန်ပြည်နယ် အနည်းဆုံး ၃၀ အပါအဝင် ကမ္ဘာ့နေရာအများအပြားရဲ့ မြေအောက်မှာ ဟိုက်ဒရိုဂျင်သိုလှောင်နေရာတွေ ရှိနေမယ်လို့ လေ့လာစူးစမ်းချက်တွေအရ ယူဆထားပါတယ်။

▪️ ဒီလိုသိုလှောင်နေရာတွေကို တွေ့ရှိပါက ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ကူးပြောင်းရေးကို အရှိန်မြှင့်တင်နိုင်မှာဖြစ်ပေမယ့် ဟိုက်ဒရိုဂျင်စုဖွဲ့မှုပုံစံ ဘယ်လောက်ကြီးမားကြောင်းနဲ့ ဘယ်မှာရှာဖွေရမလဲဆိုတဲ့အကြောင်း အပေါ်ယံသာ သိရှိထားပါတယ်။

▪️ "အဓိကက ဘယ်နေရာမှ ထွက်ရှိပြီး စုဖွဲ့နေတယ်၊ ထိန်းသိမ်းထားရှိတယ်ဆိုတာတွေကို ရှာဖွေရမှာဖြစ်ပါတယ်" လို့ အောက်စ်ဖို့ဒ်တက္ကသိုလ် ဘူမိဓာတုဗေဒမှ ပါမောက္ခခရစ္စဘယ်လင်တင်းက ပြောသွားပါတယ်။

▪️ ကမ္ဘာ့မြေကြီးအပေါ်ယံလွှာက ပြီးခဲ့တဲ့နှစ်ပေါင်း ၁ ဘီလီယံကျော်အတွင်းမှာ လူသားတွေ လက်ရှိလိုအပ်တဲ့စွမ်းအင်တွေအတွက် နှစ်ပေါင်း ၁၇၀,၀၀၀ စာ ဟိုက်ဒရိုဂျင်အလုံအလောက် ထုတ်လုပ်ပေးထားတယ်လို့ လေ့လာပြုစုသူများ ဆိုပါတယ်။

▪️ သေချာမသိရတာက ဟိုက်ဒရိုဂျင် ဘယ်လောက်များများကို အကျိုးရှိရှိ ထုတ်ယူအသုံးချသလဲဆိုတာပါ။

▪️ သုတေသီများက မြေအောက် သဘာဝဟိုက်ဒရိုဂျင်ဓာတ်ငွေ့ ဖြစ်ပေါ်မှုနဲ့ စုဖွဲ့မှုကို ဖြစ်စေမယ့် ဘူမိလိုအပ်ချက် အခြေအနေစာရင်းကို မေလ ၁၃ ရက်နေ့မှာ ကောက်ချက်ချဖော်ပြခဲ့ပါတယ်။

▪️ သဘာဝ ဟိုက်ဒရိုဂျင်သိုလှောင်နေရာများ ဖြစ်ပေါ်ဖို့ လိုအပ်တဲ့ အဓိကရေမြေအခြေခံ ၃ မျိုးက ဟိုက်ဒရိုဂျင်ရင်းမြစ်၊ သိုလှောင်ကျောက်တုံးများနဲ့ မြေအောက်မှာ ဓာတ်ငွေ့တွေကို ပိတ်လှောင်ထားနိုင်မယ့် သဘာဝပိတ်ဆို့ပစ္စည်းများ ဖြစ်ပါတယ်။

▪️ ဟိုက်ဒရိုဂျင်ဖြစ်ပေါ်စေတဲ့ သဘာဝဖြစ်စဉ် ဒါဇင်ခန့်ရှိတာကို သိရှိထားပြီးဖြစ်ပါတယ်။

▪️ ကမ္ဘာ့အပေါ်ယံလွှာဖိအားနဲ့ အပူလှိုင်းမြင့်မားခြင်းတို့ကြောင့် အထဲက ဟိုက်ဒရိုဂျင်တွေ ထွက်လာပြီး တူးဖော်ထုတ်ယူနိုင်မယ့် ရင်းမြစ်ဖြစ်လာနိုင်စေလာက်တယ်လို့ ယူဆထားပါတယ်။ ‌

▪️ မြေအောက်ထဲက အဏုဇီဝပိုးမွှားတွေ ဟိုက်ဒရိုဂျင်ကို အလျင်အမြန် စားသုံးကြတာကို သိရှိထားတာကြောင့် ထိုဘက်တီးရီးယားတွေနဲ့ ထိတွေ့မှုရှိတဲ့ နေရာတွေမှာတော့ ရှာဖွေလို့မကောင်းဘူးလို့ တိုရွန်တိုတက္ကသိုလ် ကမ္ဘာ့သိပ္ပံပါမောက္ခ ဘာဘရာရှားဝုဒ်လိုလာက ပြောပါတယ်။

▪️ ဟိုက်ဒရိုဂျင်က ကားတွေရော ဓာတ်အားပေးစက်ရုံတွေကိုပါ စွမ်းအင်ပေးနိုင်တာကြောင့် ရုပ်ကြွင်းလောင်စာများ အသုံးပြုခြင်းကနေ ကူးပြောင်းဖို့ကို အထောက်အကူပေးနိုင်မှာ ဖြစ်ပါတယ်။

▪️ ကမ္ဘာ့အပေါ်ယံလွှာက ဟိုက်ဒရိုဂျင်အမြောက်အများ ထုတ်လုပ်ပေးနိုင်ကာ လိုအပ်တဲ့ ရေမြေအခြေခံအရာတွေကိုသာ ရှာဖွေဖို့က အဓိကကျလာပါတယ်။

#Source: Livescience