#World_Science
Published 16 May 2025
▪️ တောရိုင်းချင်ပန်ဇီမျောက်တွေဟာ အပင်တွေကိုအသုံးပြုပြီး ကိုယ်တိုင်ဆေးကုသခြင်း၊ တခြားမျောက်တွေကို ဆေးကုသပေးခြင်းနဲ့ မုဆိုးများထားသွားတဲ့ ကျော့ကွင်းများမှ ဖယ်ရှားပေးခြင်းတို့ ပြုလုပ်ကြောင်း လေ့လာစောင့်ကြည့်ခဲ့ရပါတယ်။
▪️ ဒီလေ့လာချက်ဟာ သမိုင်းဝင်အချက်အလက်တွေနဲ့ ၈ လကြာအောင် ဓာတ်ပုံ ဗီဒီယိုပေါင်းများစွာ ဖမ်းယူရရှိတဲ့ စောင့်ကြည့်မှုတွေကို ပေါင်းစပ်ထားတာပါ။
▪️ လူသားတွေနဲ့ အနီးစပ်ဆုံး ဒီမျိုးနွယ်တွေဟာ အပင်တွေကိုဝါးပြီး ဒဏ်ရာမှာအုံပေးတာတွေ၊ တခြားမျောက်တွေရဲ့ ဒဏ်ရာတွေကို လျှာဖြင့်သန့်ရှင်းပေးတာတွေ၊ မိတ်လိုက်ပြီးနောက် အလေးစွန့်ပစ်ပြီးနောက် သစ်ရွက်များဖြင့် သန့်ရှင်းရေးလုပ်တာတွေကို အထောက်အထား တွေ့ခဲ့ရပါတယ်။
▪️ လူသားတွေသာ တစ်ဦးနဲ့တစ်ဦး ပြုစုစောင့်ရှောက်ပေးတယ်ဆိုတဲ့ အယူအဆတွေကို ယခုတွေ့ရှိချက်တွေက ယှဉ်ပြိုင်လာပြီဖြစ်ပါတယ်။
▪️ အောက်စ်ဖို့ဒ်တက္ကသိုလ်မှ သုတေသီ အီလိုဒီဖရေးမန်းက တိရိစ္ဆာန်တွေဟာ တစ်ကောင်နဲ့တစ်ကောင် ရိုင်းပင်းကြပြီး တခြားသူတွေရဲ့ လိုအပ်ချက်ကို သိရှိနိုင်ကာ ဖြေရှင်းပေးနိုင်တယ်လို့ ပြောပါတယ်။
▪️ လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာ လူသားတွေ မျိုးစိတ်မဖြစ်ခင်တည်းက ချင်ပန်ဇီ၊ ဘိုနိုဘော့စ်နဲ့ အခြားရှေးမျိုးစိတ်တွေဟာ ကျန်းမာရေးစောင့်ရှောက်မှု အယူအဆတွေ ပြောင်းလဲတိုးတက်လာခဲ့ဟန် ရှိတယ်လို့ လေ့လာယူဆရပါတယ်။
▪️ ဖရေးမန်းက ယူဂန်ဒါရှိ ဘူဒွန်ဂိုသစ်တောထဲမှာ ၈ လတိုင်အောင် တောရိုင်းချင်ပန်ဇီတွေကို စောင့်ကြည့်ခဲ့ပါတယ်။
▪️ ချင်ပန်ဇီတွေ ဒဏ်ရာကုသတဲ့ဖြစ်ရပ်ပေါင်း ၄၁ ခုမှတ်တမ်းတင်နိုင်ခဲ့ပြီး ကိုယ့်ကိုယ်ကို ကုသမှုက ၃၄ ကြိမ်၊ တစ်ပါးသူကို ကုသပေးခြင်းက ၇ ကြိမ်နဲ့ ၄ ကြိမ်ဆိုရင် မျိုးစိတ်မနီးစပ်တဲ့ တိရိစ္ဆာန်တွေပင် ပါဝင်ပါတယ်။
▪️ သုတေသနအရဆိုရင် ချင်ပန်ဇီတွေ တောအုပ်ကိုမှီခိုရတာဟာ အစားအစာနဲ့ ခိုလှုံနေရာအတွက်သာမက ဆေးတိုက်အနေနဲ့လည်း အသုံးပြုကြပါတယ်။
▪️ ဒီမျောက်တွေရဲ့ ဆေးပင်အသုံးပြုအသိပညာကနေ လူသားမျိုးနွယ်တွေ တတ်မြောက်လာကြဟန် ရှိတယ်လို့ ဖရေးမန်းက ဆိုပါတယ်။
#Source: NBC News