#World_News
Published 16 May 2025

▪️ ယူအေအီးနဲ့ အမေရိကန်တို့ဟာ အမေရိကန်အပြင်ဘက်မှာ ကမ္ဘာ့အကြီးဆုံး AI ပရိဝုဏ်နယ်မြေကြီးကို ယူအေအီးဆောက်လုပ်သွားမယ့် သဘောတူညီချက်မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

▪️ ဒီမတိုင်ခင်ကတော့ နည်းပညာတွေကို တရုတ်ရရှိသွားမှာ စိုးရိမ်တဲ့အတွက် ကန့်သတ်ပိတ်ဆို့ခဲ့ပါသေးတယ်။

▪️ ယူအေအီး ဒေတာစင်တာတွေမှာ Nvidia နဲ့ အခြားသောကုမ္ပဏီများမှ ဘယ်လို AI ဆားကစ်တွေ ပါဝင်မလဲဆိုတာ မပြောထားပေမယ့် အဆင့်မြင့် AI ဆားကစ်တွေကို ယူအေအီးအား အသုံးပြုခွင့်ပေးတဲ့အကြောင်း သတင်းရင်းမြစ်တွေ ဖော်ပြထားပါတယ်။

▪️ Nvidia အမှုဆောင်ချုပ် ယန်ဆန်ဟွမ်ကို အဘူဒါဘီရှိ နန်းတော်တစ်ခုမှာ ရောက်နေတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ ယူအေအီးသမ္မတ ရှိတ်ခ်မိုဟာမက်ဘင်ဇာယက်အယ်နာဟန်တို့နဲ့ ရုပ်သံဗီဒီယိုကနေ စကားပြောတာကို တွေ့ခဲ့ရပါတယ်။

▪️ အဘူဒါဘီသို့ ထရမ့်လာရောက်စဉ် အပြီးသတ်သဘောတူညီမှု ရရှိခဲ့တာဖြစ်ပြီး ကာလကြာရှည် မဟာမိတ်ဖြစ်ခဲ့တဲ့ အမေရိကန်နဲ့ အကြီးမားဆုံး ကုန်သွယ်ဖက်တရုတ်တို့ကြား ဆက်ဆံရေးတို့မှာ ဟန်ချက်ညီအောင်ကြိုးစားနေတဲ့ ယူအေအီးအတွက် အကျိုးကြီးမားတာပဲ ဖြစ်ပါတယ်။

▪️ အမေရိကန်ကုမ္ပဏီတွေကနေပဲ လိုအပ်တဲ့ ဒေတာစင်တာတွေကို ထိန်းချုပ်ကာ ဆားကစ်တွေကို စိတ်ချစွာထိန်းသိမ်းနိုင်မယ်ဆိုတာကို ထရမ့်အစိုးရက ယုံကြည်ထားပုံပေါ်ပါတယ်။

▪️ ယူအေအီးက ကမ္ဘာပေါ်မှာ AI အင်အားကြီးဖြစ်လာဖို့ ဒေါ်လာဘီလီယံချီ သုံးစွဲထားပြီး ဂျိုးဘိုင်ဒင်လက်ထက်က ယူအေအီးနဲ့တရုတ် ဆက်ဆံရေးကြောင့် အမေရိကန်ဆားကစ်များ အသုံးပြုခွင့်မရဘဲ ဖြစ်ခဲ့ပါတယ်။

▪️ နည်းပညာပိုင်းဆိုင်ရာ အခြေခံဘောင်သဘောတူညီချက်ကို အပြီးသတ်ခဲ့ပြီး နည်းပညာလုံခြုံရေးနဲ့ ပတ်သက်လို့ နှစ်နိုင်ငံစလုံးမှ ကတိပြုချက်များ လိုအပ်နိုင်တယ်လို့ ရိုက်တာသတင်းဌာနက အစောပိုင်းက ဖော်ပြထားပါတယ်။

▪️ ၂၀၂၅ မှစတင်ကာ တစ်နှစ်ကို Nvidia မှ အဆင့်မြင့်ဆုံး AI ဆားကစ် ၅ သိန်းကို ယူအေအီးထံတင်သွင်းခွင့် ပြုထားပါတယ်။

▪️ AI နယ်မြေကြီးကို အဘူဒါဘီနောက်ခံပြု G42 အဖွဲ့အစည်းမှ ဆောက်လုပ်သွားမှာ ဖြစ်ပါတယ်။

#Source: Reuters