#World_Health
Published 24 May 2025
▪️ နာဖာချေးက ခန္ဓာကိုယ်ကထွက်တဲ့ ပစ္စည်းဖြစ်ပြီး အရေးပါတဲ့လုပ်ဆောင်ချက် အများအပြား လုပ်ပေးပါတယ်။
▪️ အမှုန်၊ ဘက်တီးရီးယားများကို ပိတ်ဆို့ပြီး နားအတွင်းပိုင်းကို သန့်ရှင်းနေစေပါတယ်။
▪️ နာဖာချေးရဲ့ အရောင်သွင်ပြင်၊ ပမာဏတို့က ကျန်းမာရေးနဲ့ပတ်သက်ပြီး လက္ခဏာများ သိရှိစေနိုင်ပါတယ်။
▪️ နာဖာချေးရဲ့ အခြေအနေပြောင်းလဲမှုတွေကိုကြည့်ပြီး နားနဲ့ ကျန်းမာရေးကို စောင့်ကြည့်နိုင်ပါတယ်။
(၁) နာဖာချေးခြောက်သွေ့ခြင်းနှင့် စိုစွတ်ခြင်း
▪️ ABCC11 မျိုးဗီဇပစ္စည်းနဲ့ သက်ဆိုင်ပြီး အရှေ့အာရှအများစုက ခြောက်သွေ့ကြကာ အာဖရိကနဲ့ ဥရောပလူမျိုးတွေက စိုစွတ်တတ်ကြပြီး ဒီလိုကွာခြားမှုကနေ ဘေးအန္တရာယ် မရှိပါဘူး။
(၂) အဝါရောင်နှင့် အညိုဖျော့
▪️ ဒီအရောင်က အများဆုံးတွေ့ရတဲ့ အရောင်တွေဖြစ်ပြီး စေးကပ်ကာ အမှုန်အစတွေကို ပိတ်ဆို့နိုင်ပါတယ်။
▪️ ကျန်းမာသန်စွမ်းတဲ့ နားလမ်းကြောင်းဖြစ်တဲ့သဘောဖြစ်ပြီး အကြားအာရုံချို့တဲ့လက္ခဏာများ မရှိပါဘူး။
(၃) အညိုရင့်ရောင်နှင့် အနက်ရောင်
▪️ ဒါက အမှုန်အမွှားတွေကို ပိတ်ဆို့ဖမ်းယူထားလို့ သက်တမ်းရင့်လာတဲ့ လက္ခဏာဖြစ်ပြီး အနံ့အသက် ထူးထူးခြားခြားမရှိရင် ဘေးကင်းစိတ်ချရပါတယ်။
(၄) ဖြူဖြူခြောက်သွေ့ခြင်းနှင့် အချပ်လိုက်ဖြစ်ခြင်း
▪️ အဖြူရောင် အချပ်လိုက်ရှိနေတာဟာ အရေပြားပြဿနာရှိတဲ့ လက္ခဏာဖြစ်ပြီး နားတွင်းပေါက်အနီး ယားယံခြင်း အဖတ်ဖြစ်ခြင်းတို့နဲ့ ဆက်စပ်နေသလို နာဖာချေးစုပြုံပိတ်ဆို့ခြင်းလည်း အဖြစ်လွယ်ပါတယ်။
(၅) အစိမ်းရောင်နှင့် အနံ့ဆိုးခြင်း
▪️ နာဖာချေး အစိမ်းရောင်ဖြစ်ပြီး အနံ့ဆိုးရှိနေရင် နားတွင်းပေါက်မှာ ဘက်တီးရီးယားကူးစက်မှု ရှိတဲ့သဘောဖြစ်ပြီး ကိုက်ခဲခြင်း၊ အရည်ထွက်ခြင်း၊ အကြားအာရုံပြဿနာများ ဖြစ်နိုင်ပါတယ်။
(၆) နာဖာချေးအရည်ဖြစ်ခြင်း
▪️ နားထဲမှာ ဖိအားများပြီး နားစည်နောက်မှာ အရည်ဖြစ်နိုင်ကာ နားရောဂါကူးစက်ခြင်းလက္ခဏာဖြစ်ပြီး များသောအားဖြင့် ကလေးတွေမှာဖြစ်တတ်ကာ မကုသဘဲထားရင် အကြားအာရုံထိခိုက်နိုင်ပါတယ်။
(၇) နာဖာချေးသွေးပါခြင်း
▪️ နာဖာချေးထဲမှာ သွေးပါနေရင် နားစည်ပေါက်တဲ့ လက္ခဏာဖြစ်နိုင်ပြီး အကျိတ်၊ ရောဂါဘယတို့လို ပိုမိုဆိုးရွားတဲ့အခြေအနေ ဖြစ်နိုင်တာကြောင့် နာဖေချေးထဲ သွေးပါရင် အကြားအာရုံဆုံးရှုံးရင် မူးဝေရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
#Source: DoctorNDTV