#World_News
Published 24 May 2025

▪️ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော် အမျိုးသား လုံခြုံရေးကောင်စီအတွင်း ဝန်ထမ်းအများအပြားလျှော့ချရန် အမိန့်ပေးလိုက်ကာ သောကြာနေ့က ပေါ်လစီကျွမ်းကျင်သူဒါဇင်ခန့်ကို အလုပ်ထုတ်ပယ်လိုက်တယ်လို့ အထုတ်ခံရသူအရာရှိတစ်ဦးက NPR ကို ပြောသွားပါတယ်။

▪️ ရုတ်တရက်ကြီး ထုတ်ပယ်လိုက်တာဖြစ်ပြီး ညနေ ၄ နာရီခွဲက ဝန်ထမ်းတွေကို အသိပေးခဲ့ကာ ၅ နာရီမှာ ထွက်ခွာခိုင်းခဲ့တယ်လို့ ပြောပါတယ်။

▪️ ဒီအကြောင်းပြောပြတဲ့ အရာရှိက အမည်မဖော်လိုသူအနေဖြင့် ပြောသွားတာ ဖြစ်ပါတယ်။

▪️ ထုတ်ပယ်ခြင်းက အတော်များပြားခဲ့ပြီး ဥပမာအားဖြင့် အရှေ့အလယ်ပိုင်းကဏ္ဍတာဝန်ပိုင်းမှာ ဝန်ထမ်းအရေအတွက် ၁၀ ယောက်ကနေ ၅ ယောက်သာ ကျန်ရှိပါတယ်။

▪️ ဒီလိုလုပ်ရတဲ့ ရည်ရွယ်ချက်က ဗျူရိုကရေစီနဲ့ အရေအတွက် ပွားများခြင်းကိုရှင်းထုတ်ရန်ဖြစ်ပြီး လုပ်ငန်းဆောင်တာ အများစုကို မူရင်းဌာနတွေ အေဂျင်စီတွေထံ ပြန်လည်ရွှေ့ပြောင်းလိုက်တယ်လို့ နောက်ထပ်သတင်းရင်းမြစ်တစ်ဦးက NPR ကို ပြောသွားပါတယ်။

▪️ ဒီလိုလျှော့ချပြီးနောက်မှာ လုံခြုံရေးကောင်စီမှာ ထရမ့်ပထမအကြိမ် သမ္မတသက်တမ်းကုန်ဆုံးချိန်ကအတိုင်း အရေအတွက်သာ ရှိနေမှာပါ။

▪️ လုံခြုံရေးကောင်စီမှာ အဓိကအားဖြင့် နိုင်ငံခြားရေးဌာန၊ ပင်တဂွန်၊ ထောက်လှမ်းရေးအေဂျင်စီများ၊ အစိုးရလုံခြုံရေး အဖွဲ့အစည်းဌာနခွဲများမှ ပေါ်လစီကျွမ်းကျင်သူများကို ငှားရမ်းထားရှိတာဖြစ်ပြီး သံတမန်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ အကြီးမားဆုံး ဆုံးဖြတ်ချက်များအတွက် သမ္မတကို အကြံဉာဏ်ပေးကြပါတယ်။

▪️ ထရမ့်ကတော့ နိုင်ငံခြားရေးမူဝါဒများ ဆုံးဖြတ်ချက်ချရာမှာ ယင်းတို့တွေထက် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို၊ အရှေ့အလယ်ပိုင်းသံတမန် စတိဗ်ဝစ်ကော့ဗ်၊ ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်နဲ့ ဝန်ကြီးအဖွဲ့ဝင်များကို ပိုပြီးအားထားပါတယ်။

▪️ ထိပ်သီးပိုင်း ပထမဆုံးအပြောင်းအလဲအနေနဲ့ မေ ၁ ရက်နေ့က ထရမ့်ဟာ အမျိုးသား လုံခြုံရေးကောင်စီ အကြီးအကဲဖြစ်တဲ့ မိုက်ခ်ဝေါ့ဇ်ကို ထုတ်ပယ်လိုက်ကာ ကုလသမဂ္ဂဆိုင်ရာ သံအမတ်အဖြစ် လျာသွားမယ်လို့ ပြောခဲ့ပါတယ်။

#Source: NPR