#World_Science
Published 24 May 2025

▪️ နယူးဇီလန်မှာ ခရုပက်ကျိတစ်ကောင် လည်ပင်းကနေ ဥဥတဲ့ဗီဒီယိုကို ပထမဆုံးအကြိမ် ရိုက်ကူးမိခဲ့ကြောင်း ထိန်းသိမ်းရေးအေဂျင်စီက ဗုဒ္ဓဟူးနေ့မှာပြောပါတယ်။

▪️ နယူးဇီလန်မှာ မျိုးသုဉ်းအန္တရာယ်ရှိနေတဲ့ Powelliphanta augusta ခရုပက်ကျိမျိုးစိတ်တစ်ကောင်ရဲ့ ဦးခေါင်းအောက် အပေါက်ကနေ ဥလေးထွက်လာတာ ဖြစ်ပါတယ်။

▪️ အနောက်ကမ်းရိုးတန်း စခန်းတစ်ခုမှာ ရိုက်ကူးမိခဲ့တာဖြစ်ပြီး မျိုးစိတ်ထိန်းသိမ်းသူများက ဒီခရုပက်ကျိတွေကို အေးမြတဲ့ကွန်တိန်နာထဲမှာ ဆယ်စုနှစ် ၂ ခုနီးပါးတိုင်အောင် ထိန်းသိမ်းစောင့်ရှောက်ထားခဲ့ပါတယ်။

▪️ ယင်းတို့ သဘာဝအတိုင်း ရှင်သန်နေထိုင်ရာ တောင်မြင့်ရာသီဥတုအတိုင်း ကွန်တိန်နာထဲမှာ ဖန်တီးထားပါတယ်။

▪️ ခရုပက်ကျိတွေကို တစ်ချိန်လုံးစောင့်ရှောက်ခဲ့ရာကနေ ဥဥတာကို ပထမဆုံးမြင်ဖူးတာဖြစ်တယ်လို့ မျိုးစိတ်ထိန်းသိမ်းရေးဌာနမှ ၁၂ ကြာအောင် အလုပ်လုပ်နေတဲ့ လီဆာဖလာနာဂန်က ပြောပါတယ်။

▪️ ဒီခရုပက်ကျိမျိုးစိတ်ဟာ အခြားမျိုးစိတ်တွေလို hermaphrodite အမျိုးအစားဖြစ်ပြီး အခွံမာထဲမှာ မျိုးပွားကြပါတယ်။

▪️ ခန္ဓာကိုယ်ညာဘက် ဦးခေါင်းအောက်မှ မျိုးပွားအပေါက်မှာ တခြားခရုမှသုတ်ပိုးကိုရယူပြီး မျိုးဥမဖြစ်ခင်အထိ သိုလှောင်ထားကြပါတယ်။

▪️ ခရုပက်ကျိတွေက မျိုးပွားနိုင်တဲ့အရွယ်ရောက်ဖို့ ၈ နှစ်ခန့်ကြာပြီး တစ်နှစ်ကို ဥ ၅ ခုလောက် ဥနိုင်ကာ ဥပေါက်ဖို့အတွက် တစ်နှစ်ကျော်လောက် စောင့်ရပါတယ်။

▪️ ဖလာနာဂန်တို့ ထိန်းသိမ်းပေးနေတဲ့ အချို့ခရုပက်ကျိတွေဆိုရင် အသက် ၂၅ နှစ်မှ ၃၀ ကြားရှိနေပါတယ်။

▪️ သူတို့က အသားစားသတ္တဝါများဖြစ်ကာ အရွယ်အစားအကြီးမားဆုံး ခရုပက်ကျိမျိုးတွေဖြစ်ပြီး တီကောင်တွေကို စားသောက်ကြပါတယ်။

▪️ ၂၀၁၁ ခုနှစ်က ထိန်းသိမ်းထားတဲ့ ရေခဲခန်းထဲမှာ အပူချိန်ချို့ယွင်းခဲ့တာကြောင့် အကောင် ၈၀၀ ခန့် သေဆုံးခဲ့ရပါတယ်။

▪️ ဒါပေမဲ့ မျိုးစိတ်ကတော့ နှေးကွေးစွာဖြင့် ဆက်လက်ရှင်သန်နေခဲ့ပြီး ယခုနှစ်မတ်လမှာ အကောင်ပေါင်း ၁,၉၀၀ နဲ့ ဥပေါင်း ၂,၂၀၀ နီးပါး ထိန်းသိမ်းထားနိုင်ပါတယ်။

#Source: New York Post