#World_Health
Published 03 June 2025

▪️ ခွေးတွေကို အနံ့ခံခိုင်းပြီး ကင်ဆာရောဂါ ရှာဖွေစစ်ဆေးတဲ့ နည်းလမ်းကို အစ္စရေးလ်သုတေသီများ ဖော်ထုတ်ခဲ့ကြကြောင်း SpotitEarly ဆေးနည်းပညာကုမ္ပဏီမှ ဖော်ပြခဲ့ပါတယ်။

▪️ လေ့လာစမ်းသပ်မှုထဲမှာ ကျန်းမာတဲ့သူတွေရော ကင်ဆာလူနာတွေရောထံမှ ရှူထုတ်လေနမူနာများကို အမဲလိုက်ခွေးပုမျိုးတွေနဲ့ အကြိမ်ကြိမ် လေ့ကျင့်ရှူခိုင်းစေခဲ့ရာ သေချာခိုင်မာတဲ့ ရလဒ်များထွက်ပေါ်ခဲ့ပြီး ကင်ဆာအစောပိုင်းတွေ့ရှိဖို့ ဖောက်ထွင်းစစ်ဆေးစရာမလိုတဲ့ နည်းလမ်းဖြစ်လာနိုင်တော့မှာပါ။

▪️ ပါဝင်စမ်းသပ်ခံသူများကို နှာစည်းခေါင်းထဲသို့ ၃ မိနစ်ကြာအောင် အသက်ရှူထုတ်စေပြီးနောက် အလုံထုတ်ပိတ်ကာ လေ့ကျင့်ထားတဲ့ခွေးတွေရှိတဲ့ စမ်းသပ်ခန်းသို့ ပို့ဆောင်ခဲ့ပါတယ်။

▪️ ရောဂါရှိတယ်လို့ သိရှိရင် ခွေးက ထိုင်ချခြင်း လှဲချခြင်းတို့ဖြင့် အချက်ပြပါတယ်။

▪️ အယောက် ၁,၄၀၀ လောက်ထဲမှာ ၂၆၁ ဦးက ကင်ဆာရှိထားပြီး ခွေးတွေက ၂၄၅ ယောက်ကို မှန်ကန်စွာ ရှာဖွေနိုင်ခဲ့သဖြင့် တိကျမှုနှုန်း ၉၄ ရာခိုင်နှုန်း ရှိနေပါတယ်။

▪️ ရောဂါမရှိသူ ၁,၀၄၈ ယောက်ထဲမှာ အယောက် ၆၀ ကို မှားယွင်းပြီး ရောဂါရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။

▪️ AI နဲ့ ကွန်ပျူတာများဖြင့် ခွေးတွေရဲ့ အပြုအမူနဲ့ တုံ့ပြန်ပုံများကို စောင့်ကြည့်ခဲ့ကြပါတယ်။

▪️ သတ္တဝါတွေထဲမှာ ခွေးတွေက အနံ့ခံအာရုံအကောင်းဆုံးတွေထဲက တစ်မျိုးဖြစ်ပြီး အနံ့နဲ့ပတ်သက်တဲ့ ဦးနှောက်အစိတ်အပိုင်းက လူသားတွေထက် အဆ ၄၀ လောက် ပိုကြီးမားပါတယ်။

▪️ ဒါကြောင့် အသက်ရှူထုတ်နမူနာတွေထဲက ဓာတုပြောင်းလဲမှု အသေးစိတ်ကို သိရှိနိုင်တာ ဖြစ်ပါတယ်။

▪️ SpotitEarly စီအီးအို ရှလိုမီမေဒါက အမေရိကန်မှာ နောက်ထပ်စမ်းသပ်မှုများ ပြုလုပ်မှာဖြစ်ပြီး အသိအမှတ်ပြုခွင့်ရရန် ရည်မှန်းထားတယ်လို့ ဆိုပါတယ်။

▪️ ဘေးကင်းစိတ်ချရကာ ခန္ဓာကိုယ်ထဲ စစ်ဆေးစရာမလိုဘဲ ကင်ဆာအစောပိုင်း စစ်ဆေးမှု ပြုလုပ်နိုင်ရန်ဖြစ်တယ်လို့ ပြောသွားကာ စမ်းသပ်မှုတစ်ခုလျှင် ဒေါ်လာ ၂၅၀ ခန့်ရှိမယ်လို့ မျှော်လင့်ထားပါတယ်။

▪️ ဒါ့အပြင် ကင်ဆာရောဂါအမျိုးမျိုးကို ခွဲခြားသိရှိအောင်လည်း ခွေးတွေကို စွမ်းရည်မြှင့်တင်သွားမယ်လို့ အက်ဆူတာဆေးရုံမှ ပရော်ဖက်ဆာ မီရက်ဗ်ဘင်ဒေးဗစ်က ပြောသွားပါတယ်။

#Source: The Jerusalem Post