#World_Health
Published 3 June 2025

▪️ အသက် ၆ နှစ်အောက်ကလေးတွေမှာ ဖုန်း၊ ကွန်ပျူတာအသုံးပြုခြင်းကို ပိတ်ပင်ဖို့ ပြင်သစ်လူ့အဖွဲ့အစည်း ၅ ခုက တောင်းဆိုလိုက်ပြီး ကလေးတွေရဲ့ ကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာ အရည်အသွေးများကို တသက်စာလုံး ထိခိုက်စေနိုင်တယ်လို့ ဖော်ပြထားပါတယ်။

▪️ ဖုန်းကွန်ပျူတာနည်းပညာတွေရော ပါဝင်တဲ့ အကြောင်းအရာတွေရောက နုနယ်ဖွံ့ဖြိုးဆဲဦးနှောက်လေးတွေအတွက် မသင့်လျော်ဘူးလို့ အလေးပေးဖော်ပြထားပါတယ်။

▪️ နိုင်ငံတကာ သိပ္ပံဖော်ပြချက်တွေမှာလည်း ဒါကိုထောက်ခံထားပြီး မူလတန်းမတက်ခင်အရွယ်တွေမှာ ဒီလိုနည်းပညာပစ္စည်းတွေ ပုံမှန်ကြည့်ရှုတတ်ခြင်းက ဘာသာစကား တတ်မြောက်မှုနှောင့်နှေးခြင်း၊ အာရုံစူးစိုက်မှုပြဿနာ၊ မှတ်ဉာဏ်ပြဿနာ၊ ကိုယ်လက်လှုပ်ရှားပြဿနာများ ဖြစ်တတ်တာကို ကျန်းမာရေးပညာရှင်များနဲ့ မူကြိုဆရာများ တွေ့ရှိထားပါတယ်။

▪️ ကလေးတွေမှာ စစချင်း ၆ နှစ်က အခြေခံအကျဆုံးဖြစ်ပြီး ပတ်ဝန်းကျင်နဲ့ လေ့လာလှုပ်ရှားမှုများကနေ အာရုံကြောဖွံ့ဖြိုးမှု ဖြစ်စေပါတယ်။

▪️ ဒါတွေကို မိဘတွေ၊ ဆရာတွေ၊ ကလေးထိန်းတွေ၊ မူဝါဒချမှတ်သူတွေ သိရှိစေရန် ရည်ရွယ်ပါတယ်။

▪️ တီဗီ၊ ဖုန်း၊ ကွန်ပျူတာ၊ တက်ဘလက် ဘယ်လိုပစ္စည်းပဲဖြစ်ဖြစ် ထိခိုက်စေတာ ဖြစ်ပါတယ်။

▪️ ကျန်းမာရေးနဲ့ သင်ယူလေ့လာရေးအတွက် အဓိကထောက်တိုင်ဖြစ်တဲ့ အိပ်စက်ခြင်းကလည်း ညနေပိုင်းနဲ့ အိပ်ရာမဝင်ခင်အချိန်တွေမှာ ဖုန်းကြည့်ရင် ထိခိုက်စေနိုင်ပါတယ်။

▪️ ဒီဂျစ်တယ်ပစ္စည်းတွေကို လုံးဝအသုံးမပြုသင့်ဘူးလို့ ဆိုလိုတာမဟုတ်ဘဲ အသက်အရွယ်အလိုက် ထိန်းကျောင်းပေးဖို့ မိဘများကို တိုက်တွန်းလိုပါတယ်။

▪️ အဲဒီအစား အသံကျယ်ကျယ်ဖြင့် ဖတ်ပြခြင်း၊ ဆော့ကစားစေခြင်း၊ ရုပ်ပိုင်းဆိုင်ရာ ဖန်တီးမှုပိုင်းဆိုင်ရာ လှုပ်ရှားမှုများ ပြုလုပ်စေခြင်းတို့ အားပေးသင့်ပါတယ်။

#Source: The Jerusalem Post